ဆပ်သီးနှံ ဗီဇအရင်းအမြစ်များ မျိုးသုန်း ပျောက်ကွယ်မှုမဖြစ်ပေါ်စေရေး ထိန်းသိမ်း ထားရှိမှုများအား စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည် မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်လာရောက်ကြည့်ရှု စစ်ဆေးခြင်း
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် သည် ဒီဇင်ဘာလ(၉)ရက်နေ့မနက်ပိုင်း၌ စိုက်ပျိုးရေးသုတေသန ဉီးစီးဌာန၊အခြားနှံစားသီးနှံ သုတေသနဌာနစုတွင် စိုက်ပျိုးထားရှိသည့် မျိုးစေ့ဘဏ်တွင်စုဆောင်း ထိန်းသိမ်းထားရှိသော ဆပ်သီးနှံမျိုး(၁၂၇)မျိုး၊ ဒေသမျိုး(၃)မျိုးနှင့်စိုက်ပျိုးရေးသုတေသနဉီးစီးဌာနမှထုတ်ဝေ ထားသည့်မျိုး(၆)မျိုး၊စုစုပေါင်း (၁၃၆)မျိုးများ၏ အရည်အချင်းလက္ခဏာများ မှတ်တမ်း ကောက်ယူခြင်း နှင့်မျိုးသန့်ထိန်းသိမ်းခြင်း ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပါသည်။သုတေသနဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူများကရှင်းလင်းပြသကြရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က လူး၊ဆပ်သီးနှံများသည် မိမိတို့နိုင်ငံ၏ ဗီဇအရင်းအမြစ်များဖြစ်သဖြင့် မျိုးသုန်း ပျောက်ကွယ်မှုမဖြစ်ပေါ်စေရေး ထိန်းသိမ်းထားရှိရန်လိုအပ် ကြောင်း ဆွေနွေးပြောကြားခဲ့ပါသည်။
အဆိုပါဆပ် သီးနှံသည် စိုက်ပျိုးပြုစုမှု လွယ်ကူ ၍ ရေငတ်ဒဏ်ခံနိုင်ရည်ရှိပြီး သွင်းအားစု အနည်း ငယ် ဖြင့် စိုက်ပျိုးနိုင်ခြင်းကြောင့် ရေရှည် တည်တံ့သော သဘာဝ ပတ်ဝန်း ကျင်ကို ထိန်းသိမ်းပေးနိုင်မည်ဖြစ်ပြီး ကမ္ဘာ့ ရာသီဥတုပြောင်းလဲ လာမှုတွင် လယ်သမားများ လိုအပ်သည့် အစားထိုးရွေးချယ်မှု ဖြစ်လာမည့် အရေးပါသည့် သီးနှံ ဖြစ်လာမည်ဖြစ်ခြင်း၊ gluten ကင်းစင်ပြီး ပရိုတင်း၊ အမျှင်ဓာတ်၊ အရင်းအမြစ်ကောင်း တစ်ခုဖြစ်ပြီး၊ကျန်းမာရေးအတွက် အကျိုးကျေးဇူး များစွာကို ပေးစွမ်းနိုင်ခြင်း၊ အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် နေ့စဉ်စားသုံး သော အစားအစာများတွင် ဆပ်သီးနှံပါဝင်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်း သိမ်း ပေးနိုင်ပြီး ဆီးချိုရောဂါကို ကာကွယ် နိုင်ခြင်း၊ အခြားနှံစားသီးနှံများနှင့် နှိုင်းယှဉ်ပါက အနည်း လို အာဟာရဓါတ်များ ကြွယ်ဝစွာ ပါရှိခြင်းကြောင့် အမျိုးသမီးများနှင့်ကလေးများအတွက် အမြင့်မားဆုံး အာဟာရ လိုအပ်ချက်များဖြစ်သည့် ကယ်လ်စီ ယမ်၊ သံဓာတ်နှင့် ဇင့်တို့ အပါအ ဝင် အာဟာရ ချို့တဲ့မှု ကို ကုသရာတွင် အသုံးပြုနိုင်ခြင်း၊ ယနေ့အချိန် တွင် Minor crops ခေါ် လစ်လျူရှုခံနှင့်အသုံးနည်း သီးနှံမျိုးစိတ် (Neglected and underutilized species, NUS) အဖြစ် ရပ်တည်နေသော်လည်း လာမည့်အနာဂတ်တွင် Future Smart Food အဖြစ် ရပ်တည် လာနိုင်မည်ဖြစ်ခြင်း စသည့် အရည်အချင်းများစွာပိုင်ဆိုင်ထားသည့် အလား အလာ ကောင်းသီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ယခုနှစ်သည် International Year of Millets 2023(အပြည်ပြည်ဆိုင်ရာ လူး၊ဆပ်နှစ်)ဖြစ်ပါကြောင်း၊ International Year of Millets 2023 ကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အိန္ဒိယအစိုးရမှအဆိုပြုခဲ့ပြီး ကမ္ဘာစားနပ်ရိက္ခာအဖွဲ့အစည်း အီတလီနိုင်ငံ၊ရောမမြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၆)ရက်နေ့တွင် International Year of Millets 2023 (IYOM 2023) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူး၊ ဆပ်နှစ် ၂၀၂၃ (International Year of Millets 2023, IYOM 2023)သည် စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေးအတွက် ဆပ်သီးနှံ၏အရေးပါမှုအားသတိပြုမိလာစေရန်၊ လူးဆပ်သီးနှံများ၏ အရည်အသွေးနှင့် ထုတ်လုပ်မှုတိုးမြှင့်လာစေရေး အတွက် Stakeholders များအား တွန်းအားပေး လှုံ့ဆော်ပေးရန်နှင့် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပိုမိုရင်းနှီးမြုပ်နှံလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း (IYOM 2023) ကိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးသုတေသနဉီးစီးဌာနအောက်ရှိ မျိုးစေ့ဘဏ်တွင် စုဆောင်းသိမ်း ဆည်းထားသောမျိုးနှင့် သုတေသနပြုဖော် ထုတ်ထားသော မျိုးများအားစိုက်ပျိုးပြသခြင်း၊ အစား အစာသိပ္ပံနှင့် အာဟာရဆိုင်ရာသုတေ သနဌာနနှင့် ပူးပေါင်း၍ဆပ်သီးနှံအခြေပြု အစားအစာများ ပြုလုပ်၍ပြသခြင်း အစီအစဉ်များကို ဆောင် ရွက် လျက်ရှိပါကြောင်း ကိုသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။