စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စပါးသီးနှံ ရိတ်သိမ်း အပြီး ပဲပုပ်သီးနှံ စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ခြင်း စီမံကိန်း အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

3
2
4
1
5
3 2 4 1 5

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့် “စပါးသီးနှံ ရိတ်သိမ်း အပြီး ပဲပုပ်သီးနှံ စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ခြင်း စီမံကိန်း “အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်း က စိုက်ပျိုးရေး သုတေသန ဦးစီးဌာန (ရေဆင်း)ရှိ နဝရတ်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ညွှန်ကြား ရေးမှူးများ၊ စီမံကိန်းဦးစီးဌာန မှ ညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေး တက္ကသိုလ်မှပါမောက္ခချုပ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တို့မှ တိုင်းဦးစီးမှူးများ၊ ပြင်ပပညာရှင်များ၊ ပုဂ္ဂလိက လုပ်ငန်း များမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဆွေလင်း မှအဖွင့် အမှာ စကားပြောကြားရာ မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများရှိ ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချရေးနှင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းနိုင်ငံများ အကြား ဖွံ့ဖြိုးမှုကွာဟချက်လျှော့ချနိုင်ရန် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကို တည် ထောင်ကာ ဒေသတွင်း နိုင်ငံများသို့ လူမှုစီးပွားဘဝမြှင့်တင်ရေးစီမံကိန်းများ ထောက်ပံ့ပေးလျက်ရှိရာ ယခုနှစ် ဆိုလျှင် ဆဋ္ဌမအကြိမ်ရောက်ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သီးနှံစိုက်ပျိုးမှု ပုံစံကို ကြည့်လျှင် စပါးအပြီး ပဲတီစိမ်း၊ မတ်ပဲတို့က အများဆုံး လွှမ်းမိုး ထားသည်ကို တွေရှိ ရပါကြောင်း၊ ယခု စီမံကိန်းအစီအစဉ်ဖြင့် စပါးအပြီး ပဲပုပ်သီးနှံ အား ကျယ်ကျယ် ပြန့်ပြန့် တိုးမြှင့် စိုက်ပျိုး လာနိုင်မည်ဆိုလျှင် ဆီပါဝင်မှုနှင့် အာဟာရ တန်ဖိုးမြင့်မားကာ လူနှင့် တိရိစာန်စာတို့ အတွက် အလားအလာကောင်းသည့် သီးနှံတစ်ခုအား မြှင့်တင် ပေးခြင်း ဖြစ်သည့် အတွက် စိုက်ပျိုးသူတောင်သူများ ၊ စိုက်ပျိုးရေးကွင်းဆက် တလျှောက် လုံး တွင် ပါဝင် သူများ အနေဖြင့် အကျိုးကျေးဇူးများစွာရရှိ လာမည်ဖြစ် သည့်အတွက် အ တိုင်း ထက် အလွန် ကောင်း မွန်မည် ဖြစ်ပါကြောင်းပြောကြားသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူး ရန်ပုံငွေဖြင့် ၂၀၁၇ မှ ၂၀၂၂ထိ စီမံကိန်း ၃၅ ခုကို စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၈ သန်းကျော်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခွင့် ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုနှစ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူး ရန်ပုံငွေ(၂၀၂၃)ဖြင့် အကောင် အထည် ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့သည့် စီမံကိန်း လေးခု အနက် မိမိတို့ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနအနေဖြင့် စပါးအပြီး ပဲပုပ် သီးထပ် စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ခြင်း စီမံကိန်းအား အကောင် အထည်ဖော်ဆောင်ရွက် ခွင့် ရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ လူ့သားတို့ ၏ ကျန်းမာ ရေး အတွက် လွန်စွာအရေးပါကာ အသက်ရှည်စေသည့် အစားအစာ အာဟာရ အဖြစ် လူအ များ လက်ခံလာကြသည့် ပဲနို့အစရှိသည့် ထုတ်ကုန်များ၊ ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီအဖြစ် လက်ခံလာကြသည့် ပဲပုပ်ဆီ ကဲ့သို့ ထုတ်ကုန်များ ထုတ်လုပ်ရရှိနိုင်သည့် ပဲပုပ်သီးနှံ သည်လွန်စွာ ရေပန်းစားလာသည့် သီးနှံတစ်ခုဖြစ်ပါကြောင်း၊ ဤစီမံကိန်း ကိုမိမိတို့ ဦးစီးဌာနအား အဓိကထား ပေးခြင်းဖြစ်သော်လည်း မိမိတို့အနေဖြင့် စီမံကိန်း အား ပီပြင်စွာ အကာင်အထည်ဖော်နိုင် ရေးအတွက် ဆက်စပ် ပတ်သက်ရာဌာနများဖြင့် ပူးပေါင်း ဆောင်ရွက် ခြင်းများ လည်းဆောင်ရွက် သွားမည် ဖြစ်ပါ ကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဒေါက်တာမာမာဝင်းမှ “စပါးသီးနှံ ရိတ်သိမ်း အပြီး ပဲပုပ်သီးနှံ စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ခြင်း စီမံကိန်း” တွင် ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ၊ စီမံကိန်း ကြီးကြပ်ကွပ်ကဲရေး အဖွဲ့နှင့် စီမံကိန်း လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ ဖွဲ့စည်း ထားခြင်းများအားအသေးစိတ်တင်ပြခဲ့ရာ အဆိုပါ တင်ပြချက်များအပေါ် တာဝန်ရှိသူများမှ စီမံကိန်းဧရိယာရွေးချယ် ခြင်းနှင့် အခြားသော တင်ပြချက်များအား ဖြည့်စွက် လမ်းညွှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါကြောင်း သတင်း မှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။