စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ဒီဇင်ဘာလ (ပထမပတ်) လူထု လှုပ်ရှား အားကစား လှုပ်ရှား မှုအဖြစ် လူထုလမ်းလျှောက်ပွဲကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ဒီဇင်ဘာလ (ပထမပတ်) လူထု လှုပ်ရှား အားကစား လှုပ်ရှား မှုအဖြစ် လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က စိုက်ပျိုးရေး သုတေသနဦးစီးဌာန တွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ဦးဆောင်၍ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းမိသားစုများက ပျော်ပျော်ပါးပါး စုပေါင်း လမ်းလျှောက်ပါဝင် ဆင်နွှဲခဲ့ကြပါသည်။
ရှေးဦးစွာ လူထုလမ်းလျှောက်ပွဲတွင် ပါဝင်လမ်းလျှောက်ကြသူများ စီမံခန့်ခွဲရေး နှင့်ငွေစာရင်းရုံးရှေ့လမ်းဆုံ စုရပ်မှစတင်ပြီး လမ်းလျှောက်ထွက်ခွာခဲ့ကာ စုပေါင်း လမ်းလျှောက် ခဲ့ကြ ပြီးနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန အဝင်ပေါက် တွင် စုပေါင်း ဓာတ်ပုံရိုက် ကူးခဲ့ကြပါသည်။ ထို့နောက် စုပေါင်းကိုယ်လက် လေ့ကျင့်ခန်းများဆောင်ရွက်ရန်စုရပ်ဖြစ်သည့် ညွှန်ကြားရေးမှုးချုပ်ရုံးဝန်းတွင် စုပေါင်းကိုယ်လက် လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ လူထုလမ်းလျှောက်ပွဲသို့ စုစုပေါင်းအင်အား (၁၄၀) ကျော်တို့က ပါဝင်ဆင်နွှဲခဲ့ ကြပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ၂၀၂၃-ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲပါဝင်သူ(၁၄၀)ကျော် အား နံနက် ခင်းစာအဖြစ် ကောက်ညှင်းပေါင်းနှင့် အကြော်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။