စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ကွင်းသရုပ်ပြပွဲ ( Field Day Activity )ကျင်းပပြုလုပ်ခြင်း

5
4
1
3
2
5 4 1 3 2

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ဒေသ သုတေ သနဗဟိုဌာန၊ မကွေးမြို့တွင် စက်မှုလယ်ယာဦးစီးဌာနမှ စမ်းသပ်စိုက်ပျိုး ထား ရှိသည့် မြေပဲသီးနှံတွင်(၁)စက်စွမ်းအားပြည့်(Fully Mechanized) ဖြင့်စိုက်ပျိုးခြင်း နှင့် (၂)သမာရိုးကျ စိုက်ပျိုးခြင်းတို့အား စမ်းသပ်စိုက်ပျိုးခဲ့ရာ စက်ဖြင့်

မြေပဲနှုတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲအား ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်နံနက် (၈:၀၀)တွင် ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ပါ သည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာန၊မြို့နယ်ဦး စီးမှူးနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ် ဦးစီးမှူးနှင့်ဝန်းထမ်းများ၊ အကျိုးဆောင် တောင်သူများ၊

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်စက်မှုလယ် ယာဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးမှ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို

အခြေခံသည့် နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၇၀% မှာ

ကျေးလက်နေအခြေခံလူတန်းစားများဖြစ်ကြသည်။ လယ်ယာစိုက်ပျိုးရေးကို အဓိကထား

ဆောင်ရွက်နေကြသော်လည်း ယနေ့အချိန်တွင် လယ်ယာလုပ်သားရှားပါးမှုပြဿနာကို

ကြုံတွေ့ နေရပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် ကြုံတွေ့နေရသောရာသီဥတု ဖောက်ပြန်မှုပြဿနာသည် လည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင်

စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရင်ဆိုင်တွေ့ကြုံနေရပါသည်။ စက်မှုလယ်ယာဦးစီးဌာနမှ

လယ်ယာ လုပ်သားရှားပါးမှုပြဿနာနှင့် ရာသီဥတုဖောက်ပြန်မှု ပြဿနာ အပြင်အရည်အသွေးမြင့် သီးနှံများ၊ နည်းပညာမြင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်သမရိုးကျစနစ်မှ စက်စွမ်းအားပြည့်အသုံးပြုသော စက်မှုလယ်ယာစနစ်(FULLY

MECHANIZED) သို့ ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် မကွေးမြို့ရှိစိုက်ပျိုးရေး သုတေသနဗဟိုဌာနတွင် မြေပဲသီးနှံအား သမရိုးကျစနစ်နှင့် စက်စွမ်းအားပြည့်(FULLY MECHANIZED)စနစ်များဖြင့် နှိုင်းယှဉ် သုတေသနပြုစိုက်ပျိုး ဆောင်ရွက်ရခြင်းဖြစ်ပါသည်ဟု ရှင်းလင်းပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏

ဖော်ထုတ် ရရှိသော မျိုးနှင့်နည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာနမှတောင်သူများ ထံသို့ ဖြန့်ဝေပေး လျှက်ရှိပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင်

လုပ်သားရှားပါးမှုပြဿာနာသည် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည့်အတွက်လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိယာများ အစားထိုး အသုံးပြုနိုင်ပါ လျှင်

လုပ်သားရှားပါးမှုကိုကျော်လွှားနိုင်ပြီး အချိန်တိုအတွင်းပြီးစီးနိုင်ပါလိမ့်မည်ဟု

ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဒေသသုတေသနဗဟိုဌာန၊မကွေး၏ တာဝန်ခံ ဒေါ်မော်မော်သီမှလက်ရှိဆောင်ရွက် နေသောသုတေသနလုပ်ငန်းများ၊မျိုးသန့်ပွားများ ထုတ်လုပ်ရေးများ၊ ပိုက်ဆံလျှော်စိုက်ပျိုး၍သစ်စိမ်း မြေဩဇာကျွေးခြင်းဖြင့် မြေဆီလွှာအရည်အသွေး

တိုးတက်ကောင်းမွန်စေခြင်း၊ ဓာတ်မြေဩဇာ(နိုက်ထရိုဂျင်)ကို လျှော့ချသုံးစွဲနိုင်ပြီးမြေဆီလွှာ၏ သစ်ဆွေးဓာတ်ကို တိုးတက်စေပြီး မြေဆီလွှာဖွဲ့စည်းမှုကိုကောင်းမွန်စေပါကြောင်း၊ သစ်စိမ်း မြေဩဇာများ ထည့်သွင်းခြင်း၊ဇီဝမြေဩဇာများ ထည့်သွင်းခြင်း၊ သီးနှံအကြွင်းအကျန်များ ထည့်သွင်းခြင်း၊သဘာဝမြေဩဇာများထည့်သွင်းခြင်းစသည့် နည်းလမ်းများသည် မြေဆီလွှာအတွင်း ရှိသီးနှံပင်များ ကြိုက်နှစ်သက်သော အပင်အာ ဟာရ ဓါတ်များ တိုးပွားစေပြီးသဘာဝ ပတ်ဝန်း ကျင် ထိခိုက်မှုကို လျော့နည်း စေကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် စက်စွမ်းအားပြည့် မြေပဲနှုတ်သိမ်းခြင်းကို လက်တွေ့ပြသခဲ့ပါသည်။

ကွင်းအတွင်း ကြည့်ရှုလေ့လာခဲ့ရာတွင် ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာကျွေးခြင်းအား

လက်တွေ့ပြသခြင်း၊ (Removable Rainout Shelter) အတွင်း စိုက်ပျိုးထားသော

ရေငတ်ခံမြေပဲမျိုးရရှိရန်အတွက် သုတေသနပြု ဆောင်ရွက်ထားရှိမှုအားရှင်းလင်းပြသခြင်း၊ နှံစားသီးနှံနှင့် ဆပ်သီးနှံ သုတေသနပြု စိုက်ပျိုးထားရှိမှုများအားလေ့လာခြင်း၊ ဝါသီးနှံသုတေသန စိုက်ပျိုးထားရှိမှုအား လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို

ခြံတာဝန်ခံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

ဒေသသုတေသနဗဟိုဌာန(မကွေး)မှ မျိုးသန့်အဖြစ် ထုတ်ဝေဖြန့်ဖြူးလျှက်ရှိသောမြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံမျိုးများ၏ အရည်အချင်းလက္ခဏာများအားလည်းရှင်းလင်းပြသခဲ့ပါသည်။

ထို့နောက်နံနက်(၁၀:၃၀)တွင် အာဟာရမုန့်နှင့်ရေများကျွေးမွေး၍ ကွင်းသရုပ်ပြပွဲကို

ရုတ်သိမ်းခဲ့ပါသည်။