စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဩဂဲနစ် သုတေသန ဗဟိုဌာနသို့ ညွှန်ကြားရေးမှူးချုပ်မှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်း

1
6
4
3
5
2
1 6 4 3 5 2

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဩဂဲနစ် သုတေသနဗဟိုဌာနသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ သုတေသနလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ(၂၂) ရက် နံနက်ပိုင်း က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ဩဂဲနစ်သုတေသန ဗဟိုဌာနမှတာဝန်ရှိသူများ ကယခုလက်ရှိ ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ မိုးနှောင်းရာသီတွက် ဆောင်ရွက်မည့် သုတေသနစီမံချက်များအားလည်းကောင်း အသီးသီးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်မှ တင်ပြချက်များအပေါ် အကြံပြု ဆွေးနွေးပေးခြင်း၊ ဖြည့်စွက်လမ်းညွှန် ပေးခြင်းတို့အားဆောင်ရွက်ပေးခဲ့ပြီးဟင်းသီးဟင်းရွက်သြဂဲနစ်သုတေသနစိုက်ခင်းများအား လည်းကောင်း၊ လူငယ်သုတေသီ အဖွဲ့၏ ဘွန်ဇိုင်းပင်စမ်းသပ်သုတေသနများအားလည်းကောင်း ကြည့်ရှု၍လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်းသတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ် ပါသည်။