စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

တောင်သူပူးပေါင်းပါဝင်သော ငရုတ်သီးနှံကွင်းသရုပ်ပြပွဲ ကျင်းပခြင်း

4
6
1
2
5
3
7
4 6 1 2 5 3 7

စိုက်ပျိုးရေးသုတေသနဦးစီးဌာနဥယျာဉ်ခြံသုတေသနဌာနခွဲဟင်းသီးဟင်းရွက်သုတေသနဌာနစုမှ တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်မှုတစ်ခုအဖြစ် ပုဗ္ဗသီရိမြို့နယ်၊ သာယာကုန်းကျေးရွာ Farmer based Research Station တွင် စိုက်ပျိုးထားရှိသော ဆင်းငရုတ် ၁ မျိုး၏ ဒေသဖြစ်ထွန်းမှု၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိမှု၊ သီးတောင့်အရည်အသွေးကောင်းမွန်မှု နှင့် အထွက်နှုန်းကောင်းမွန်မှူတို့အား တောင်သူများအားဖိတ်ကြား၍ ကွင်းသရုပ်ပြပွဲ ဆောင်ရွက် ခဲ့ပါသည်။ ကွင်းသရုပ်ပြပွဲတွင် ပုဗ္ဗသီရိမြို့နယ် သာယာကုန်းကျေးရွာ၊ သရက်သမိန်ကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့် အောင်ပန်းကျေးရွာတို့မှ တောင်သူ ၁၅ဦးတက်ရောက်ပြီး ဆင်းငရုတ် ၁ မျိုး၏ အောင်မြင်ဖြစ်ထွန်းစွာ သီးပွင့်နေမှုများ ပြသ၍ ဆင်းငရူတ် ၁ မျိုးအပေါ် တောင်သူကြိုက်နှစ်သက်မှု၊ စျေးကွက်အလားအလာ နှင့် တောင်သူများကျယ်ကျယ်ပြန်ပြန့် စိုက်ပျိုးနိုင်ရေး ဆွေးနွေးနှီးနှောဖလှယ်ခဲ့ကြပါသည်။