လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်းအမှတ်စဉ်၂/၂၀၂၃-၂၀၂၄ သင်တန်းဖွင့်ပွဲကျင်းပခြင်း
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စက်မှုလယ်ယာဦးစီးဌာနသင်တန်းကျောင်းရေဆင်း၌ (၂.၁၀.၂၀၂၃)ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင်လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု (အထူး) သင်တန်းအမှတ်စဉ် ၂/၂၀၂၃-၂၀၂၄သင်တန်းဖွင့်ပွဲကို သင်တန်းကျောင်းခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်၊
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ကိုယ်စား ညွှန်ကြားရေးမှူး (စီမံကိန်း) ဦးလှဝေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့စက်မှုလယ်ယာသင်တန်းကျောင်းရေဆင်းမှကျောင်းအုပ်ကြီး၊ဒုတိယကျောင်း အုပ်ကြီး၊သင်တန်းနည်းပြဆရာ၊ဆရာမများနှင့် တောင်သူသင်တန်းသားများ တက်ရောက်ခဲ့ ကြပါသည်။
အဆိုပါသင်တန်းတွင် တောင်သူလယ်သမားများနှင့် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသူများအား မြေယာပြုပြင်သည်မှရိတ်သိမ်းခြွေလှေ့သည်အထိအသုံးပြုနေသည့်ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကျွမ်းကျင်စွာကိုင်တွယ်မောင်းနှင် ထိန်းသိမ်းတတ်စေသည့် အသိပညာ၊အတတ်ပညာများလေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာများကိုစနစ်တကျကိုင်တွယ်မောင်းနှင်သုံးစွဲရန်နှင့် ကြံ့ခိုင်ထိန်းသိမ်းမှု ဆောင်ရွက်ရန်အရည်အသွေးပြည့်ဝသော ကျွမ်းကျင်စက်မောင်း လူ့စွမ်းအားအရင်းအမြစ် များမွေးထုတ်ပေးနိုင်မည်ဖြစ်ပါသည်။
ထို့အပြင်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစက်စွမ်းအားတိုးမြှင့်သုံးစွဲရန်လိုအပ်လာသည်နှင့်အမျှသမရိုးကျလယ်ယာစိုက်ပျိုးရေးစနစ်မှစက်မှုလယ်ယာစနစ်သို့အပြည့်အဝကူးပြောင်းရာတွင်လယ်ယာသုံးစက်ကိရိယာများတိုးတက်သုံးစွဲရေး၊စက်ကိရိယာစွမ်းအားကိုအပြည့်အဝအသုံးချနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက်များစွာ အထောက်အကူပြု၍ အကျိုးရှိစေမည် ဖြစ်ပါသည်။
သင်တန်းသို့ တိုင်းဒေသကြီး/ ပြည်နယ်(၆)ခုမှ စုစုပေါင်း သင်တန်းသား(၂၉)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၂.၁၀.၂၀၂၃)ရက်နေ့မှ (၂၄.၁၁.၂၀၂၃)ရက်နေ့ထိ
ဖြစ်ပါသည်။