“ခိုင်ရွှေဝါ”ငွေစုငွေချေးသမဝါယမအသင်းနှင့် “ဆင်းရွှေဝါ” မျိုးစေ့ထုတ် သမဝါယမအသင်းတို့၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပခြင်း
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းရှိ နဝရတ်ခန်းမတွင်(၂၀၂၃)ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်၊ နေ့လည် (၂:၀၀)နာရီအချိန်က “ခိုင်ရွှေဝါ” ငွေစုငွေချေးသမဝါယမအသင်း(လိမိတက်)နှင့် “ ဆင်းရွှေဝါ” မျိုးစေ့ထုတ်သမဝါယမ အသင်းတို့၏ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွက်အရပ်ရပ်ဆိုင်ရာအစည်း အဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းစံသိန်း(နည်းပညာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့် (သီးနှံ) နှင့် ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ အသင်းသားကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက အမှာစကား ပြောကြားရာ“ ခိုင်ရွှေဝါ” ငွေစုငွေချေးသမဝါယမအသင်း တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း(၃၀) ကျော်ခဲ့ပြီဖြစ်ပြီး “ ဆင်းရွှေဝါ” မျိုးစေ့ထုတ် အသင်းကို (၂၄.၁၀.၂၀၁၇)ကစတင်ခဲ့ခြင်းကြောင့် (၆)နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ အသင်းသား/သူများ၏ ညီညီညွတ်ညွတ်ဖြင့် ဆောင် ရွက်ခဲ့ ခြင်းကြောင့် အသီးအပွင့်များ ခံစားခဲ့ရ ပြီဖြစ်ပါကြောင်း၊ ယနေ့တွင် “ ဆင်းရွှေဝါ” မျိုးစေ့ထုတ် သမဝါယမအသင်း၏ အမြတ်ကို အသင်းသား/သူများအား ခွဲဝေပေးမည်ဖြစ် ကြောင်း၊ မျိုးစေ့ ထုတ်လုပ်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် “ဆင်းရွှေဝါ” မျိုးစေ့ထုတ် အသင်းကိုတည်ထောင်ခဲ့ပြီး တောင်သူများနှင့်ပူးပေါင်းကာ ကြိုးစားလုပ်ဆောင်ခဲ့ ပါကြောင်း၊ နှစ်စဉ်အမြတ်ငွေများကို အသင်းသား များအား အညီအမျှခွဲ ဝေပေးနိုင်ခဲ့ပါကြောင်း၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အသင်းကြီးမှ မကြာခဏ ထောက်ပံ့ပေးနိုင်သည့် အတွက်လည်း ဝန်ထမ်းများအတွက် အကျိုးပြုသည့် အသင်းကြီးဖြစ်ပါကြောင်း၊ ရှေ့ဆက်ပြီး အသင်းကြီး၏မျိုးစေ့ထုတ်လုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ အသင်းကြီးပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးကို ရှေ့ဆက်ပြီး အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အသင်း(၂)ခုကို ဦးဆောင်ဦးရွက်ပြုနေ ကြသည့် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့်က “ ဆင်းရွှေဝါ” သမ အသင်းကို (၂၀၁၇-၂၀၁၈)ကစတင်ခဲ့ ပြီး ပြီးခဲ့သည့်နှစ်များတွင် အကျိုးဆောင် တောင်သူများ နှင့် ပူးပေါင်းကာ မျိုးစေ့ထုတ်လုပ်ငန်းကိုဆောင်ရွက်ခဲ့ပြီး မိမိတို့အနေဖြင့် မြေပိုင်အနေဖြင့် မလုပ်နိုင်သေးသည့်အတွက် ယခုကဲ့သို့အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းကာ သမအသင်း အနေဖြင့် လုပ်ကိုင်ရသည်မှာ အဆင်ပြေသည်ဖြစ်သည့်အတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အသင်းသားဦးရေအနေနှင့် (၄၂၃)ဦးရှိပါကြောင်း၊ ၊ အသစ် ခန့်အပ်လိုက်သော ဝန်ထမ်းများသည် အသင်းသို့ အသစ်ထပ်မံဝင်ရောက်လာကြပြီး မဝင်ရ သေးသော ဝန်ထမ်းများရှိပါကလည်း သက်ဆိုင်ရာဌာနစုတာဝန်ခံများနှင့် တာဝန်ရှိသူများမှ လိုအပ်သော ပံ့ပိုးကူညီမှုများပေးပြီး အသင်းသားဖြစ်လာအောင် ကူညီပေးပါက အသင်း သားဦးရေတိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါတွင် အသင်းသားများသည် အမြတ်အစွန်း များလည်းရရှိပြီး မိမိ၏ အစုတန်ဖိုးလည်းတိုးလာပြီဖြစ်ပါကြောင်း၊ အသင်းကြီး၏သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရှေ့ဆက်လုပ်ဆောင် သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ် တင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများမှ အသင်းကြီး၏ ရှေဆက်လုပ် ဆောင်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါကြောင်းသတင်းမှတ်တမ်းအ ဖြစ်ဖော်ပြအပ်ပါသည်။