သီးနှံမျိုးစေ့နှင့်ဆက်စပ်နေသော ဥပဒေများအားစိုက်ပျိုးရေးနှင့် ပတ်သက်ဆက်နွယ်သူများ အကြားကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး စကားဝိုင်းအစီအစဉ်ရိုက်ကူးခြင်း
မျိုးစေ့စနစ် (Seed System)၊ မျိုးစေ့ ထုတ်လုပ်မှုအဆင့်များ၊ မျိုးသစ်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များ၊ မျိုးစေ့ဥပဒေနဲ့ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေတို့ နဲ့ပတ်သက်ပြီး လိုက်နာရမည့်အချက်များနဲ့ အကျိုးကျေးဇူးများ၊ မျိုးစေ့ဥပဒေနဲ့ အပင်မျိုးသစ်အကာအကွယ် ပေးရေးဥပဒေတို့ရဲ့ ခြားနားချက်များကို စိုက်ပျိုးရေးနဲ့ဆက်နွယ်သူများ သိရှိလာစေ ရန်ရည်ရွယ်၍ သီးနှံမျိုးစေ့နှင့် ဆက်စပ်ဉပဒေများအကြောင်းသိကောင်းစရာ အစီအစဉ် ကိုစိုက်ပျိုးရေးသတေသနဦးစီးဌာန သတင်းအချက်အလက်နှင့်နည်းပညာပြန့်ပွားရေးဌာနစု Farmer Channel Studio တွင် စက်တင်ဘာ(၂၄)ရက် ညနေပိုင်းကရိုက်ကူးခဲ့ကြပါသည်။