စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဥယျဉ်ခြံသီးနှံသုတေသနဌာနခွဲ အောက်ရှိ ဌာနစုများနှင့် နယ်သုတေသနခြံများမှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း

5
2
1
4
3
5 2 1 4 3

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဥယျဉ်ခြံသီးနှံ သုတေသနဌာန ခွဲအောက်ရှိ ဌာနစုများနှင့် နယ်သုတေသနခြံများမှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းအခမ်းအနားကို ၂၀၂၃ခုနှစ် စက်တင်ဘာ(၂၀)ရက် နေ့လည်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်း(ရုံးချုပ်)ရှိ နဝရတ်ခန်းမ ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(နည်းပညာ) ၊ဥယျဉ်ခြံသီးနှံ သုတေသနဌာနခွဲ ညွှန်ကြားရေးမှူးနှင့် ဥယျဉ်ခြံသီးနှံ သုတေသနဌာနခွဲအောက်ရှိ ဌာနစုများနှင့် နယ်သုတေသနခြံများမှ တာဝန်ခံများ၊ သုတေသီဝန်ထမ်းများ၊ သုတေသန အထောက်အကူပြု ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲတွင်ညွှန်ကြားရေးမှူးချုပ် ဒေါက် တာ နိုင်ကြည်ဝင်းမှ ယခင်ဖွဲ့စည်းပုံတွင် ဌာနစု တစ်ခုအဖြစ်သာရှိခဲ့ပြီး ယခုအခါ မိမိတို့၏ စိုက်ပျိုးရေး သုတေသနဦးစီးဌာနအနေဖြင့် ဥယျာဉ်ခြံသီးနှံ သုတေသနဌာနခွဲ အဖြစ် ဖွဲ့စည်းကာ ညွှန်ကြားရေးမှူး သီးသန့် တာဝန်ပေး ထားရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုသို့ သီးသန့် တာဝန်ပေးထားခြင်းအား ဖြင့် ဥယျာဉ်ခြံသီးနှံ သုတေသနလုပ်ငန်းများကို ယခင်ကထက် ပိုမိုတိုး တက်အောင်မြင်စေရန်၊ အကျိုးရှိထိရောက်ရောက် စွာ ဆောင်ရွက်လာနိုင်စေရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

ဥယျာဉ် ခြံသီးနှံ သုတေသနဌာနခွဲအောက်တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် သစ်သီးဝလံ သုတေသနဌာနစု၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမန် သုတေသနဌာနစုစသည်ဖြင့် သီးခြားအာရုံစူးစိုက် ဆောင်ရွက်နိုင်စေရန် ဖွဲ့စည်း ပေးခဲ့သလို

နယ်သုတေသနခြံများ အနေဖြင့်လည်း အပူပိုင်းဒေသသစ်သီးဝလံ သုတေသနဗဟိုဌာန (မယ်အောင်ကန်)၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမန် သုတေ သနဗဟိုဌာန၊ အဇင်း-၂ စိုက်ပျိုးရေးသုတေသနခြံ၊ ကျောက်တံတား စိုက်ပျိုးရေးသုတေသနခြံ၊ ဘော်ခွီး စိုက်ပျိုးရေး သုတေသနစခန်း၊ ကမော့ကပို စိုက် ပျိုးရေးသုတေသနစခန်း စသည်ဖြင့် ဒေသအလိုက် ကိုယ်စားပြုသည့် သစ်သီးဝလံ ၊ဟင်းသီးဟင်းရွက် နှင့် ပန်းမန် သုတေသနများ သီးသန့်အာရုံ စိုက်ကာ ဆောင်ရွက်နိုင်ရေး ထည့်သွင်း ဖွဲ့စည်း ပေးခဲ့ပါကြောင်း၊

ဖွဲ့စည်းပုံနှင့်အတူ ဥယျာဉ်ခြံ သီးနှံသုတေသနများ ကို စနစ်တကျ၊ ပီပီပြင်ပြင်ဆောင်ရွက် နိုင်ရေး အထူး အရေး ကြီးပါကြောင်း၊ ညွှန်ကြားရေးမှူးဦး ဆောင်သည့် ဥယျာဉ်ခြံသီးနှံ သုတေသနဌာနခွဲရှိ သုတေသန ပညာရှင် များအနေဖြင့် ယခုမှစတင်ကာ ဥယျာဉ်ခြံသီးနှံ သုတေသနလုပ်ငန်းများ ပိုမို ဖွံ့ဖြိုး တိုး တက်လာစေရေး စွမ်းစွမ်းတမံဆောင် ရွက်သွားကြစေလိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဉယျာဉ်ခြံ သီးနှံ သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းနိုင်မှ ဌာနခွဲ၏ ရည်ရွယ်ချက်နှင့်မျှော်မှန်းချက်များအပေါ် အခြေခံကာဆောင်ရွက်လျက်ရှိသည့် သုတေသနဆောင်ရွက် နေမှုအ‌ခြေအနေများ ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များ၊ လူသားအရင်းအမြစ် အခြေအနေနှင့် သုတေသနလုပ်ငန်းများ ပိုမိုအကျိုးရှိထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် အဓိ ကလို အပ်ချက်ဖြစ်သည့် လူသား အရင်း အ မြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများပူးတွဲ ဆောင်ရွက်ရေး တို့အား တင်ပြဆွေး နွေးခဲ့ကာ

သုတေသန ဌာနစုတာဝန်ခံ၊ သုတေသနခြံတာဝန်ခံ တစ်ဦးချင်းဆီမှ ၎င်းတို့ လက်ရှိ ဆောင် ရွက် နေသည့်သုတေသနများ၊ ပိုမိုအောင်မြင်သော သုတေသနများ ဆောင်ရွက် လာနိုင်စေ ရေး အ တွက် လိုအပ်ချက် များ အားအသီးသီးတင်ပြခဲ့ကြပါသည်။

အဆိုပါတင်ပြချက်များအပေါ် အခြေခံ ကာ ညွှန်ကြားရေးမှူးချုပ်မှ သုတေသနလုပ်ငန်းများ အား ပါဝင် အကောင် အထည်ဖော်ဆောင်ရွက်ကြမည့် ဝန်ထမ်းများအနေဖြင့် အရည်အချင်းရှိ သည့် ဝန်ထမ်းများ ဖြစ်လာ စေရန် ဝန်ထမ်းများအနေဖြင့် ငယ်ရွယ်စဉ် မိမိ ဝါသနာနှင့် မိမိဘာလုပ်ချင်သည် ဘာဖြစ် ချင်သည်နှင့် မိမိတို့ ရည်မှန်းချက်ကိုပြတ် ပြတ်သားသားသိရှိရမည်ဖြစ်ပါကြောင်း၊ ဝေဝါး၍ မိမိစိတ်ကိုမသိခြင်းက ဘဝတိုး တက်မှုကို‌ အဟန့် အတား ဖြစ်စေပါကြောင်း၊

အလုပ်တစ်ခု အပေါ် ဝါသနာ ပါ၍စိတ်နှစ်လုပ်ကိုင် နိုင်ခြင်း က မိမိတို့ ဘဝ ပန်းတိုင်သို့လျှောက်လှမ်းရာတွင် ကြုံတွေ့ရမည့် မည်သည့် အခက်အခဲ ကို မဆို ဖြတ်ကျော်ကာ အရောက် သွားနိုင်မည်ဖြစ်ပါကြောင်း၊

မိမိတို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် အရည်အချင်း ပြည့်ဝ၍ ကျွမ်းကျင်သော ပညာရှင်များ၏ အင်အားဖြင့် စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝ ဘေးကင်းလုံခြုံရေးတို့အတွက် ဆန်းသစ်သော စိုက်ပျိုးရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့ကို ဆောင်ရွက် သွားကြ ရန် နှင့် မိမိတို့ နိုင်ငံ၏ ဥယျာဉ်ခြံသီးနှံ သုတေသန ကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။