သုံးသီးစားသီးနှံပုံစံစမ်းသပ်စိုက်ပျိုးခြင်းသုတေသနမှပထမသီးနှံပိုက်ဆံလျှော်ထယ်ထိုးမြေမြုပ် ခြင်းအခမ်းအနား ကျင်းပခြင်း
စီပင်စိုက်ပျိုးရေးသုတေသနခြံနှင့်ပူးတွဲသုတေသနပြုလျက်ရှိသောTBLကုမ္ပဏီကွင်းတွင် သုံးသီးစားသီးနှံပုံစံစမ်းသပ်စိုက်ပျိုးခြင်းသုတေသနမှပထမသီးနှံပိုက်ဆံလျှော်ထယ်ထိုးမြေမြှုပ် ခြင်းအခမ်းအနားကို၂၀၂၃ခုနှစ်စက်တင်ဘာ ၁၉ရက်နံနက်ပိုင်းကကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင်ခရိုင်စိုက်ပျိုးရေးဦးစီးမှူးကသဘာဝမြေဩဇာ၊သစ်စိမ်းမြေဩဇာများ သုံးစွဲရန်ကို၎င်းစီပင်ခြံတာဝန်ခံကသစ်စိမ်းမြေဩဇာ၏အကျိုးကျေးဇူးများအား၎င်း၊TBLကုမ္ပဏီတာဝန်ခံကကုမ္ပဏီ၏ဆောင်ရွက်နေသောလုပ်ငန်းများအား၎င်းအသီးသီးရှင်းလင်းတင်ပြကြရာတက်ရောက်လာသူများကသိရှိလိုသည်များမေးမြန်းဆွေးနွေးပြီးအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။