စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့်ဖွဲ့ ရမည်းသင်းမြို့နယ်ရှိ စီပင်စိုက်ပျိုးရေးသုတေသနခြံသို့ သုတေသနဆောင်ရွက် နေမှုများအားကွင်းဆင်းကြည့်ရှုစစ် ဆေးခြင်း

1
2
1 2

၂၀၂၃ခုနှစ် စက်တင်ဘာ(၁၆)ရက်က စိုက် ပျိုး ရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်ဖွဲ့သည် ရမည်းသင်းမြို့နယ်ရှိ စီပင်စိုက်ပျိုးရေး သုတေသနခြံသို့ရောက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက စီပင်စိုက်ပျိုးရေး သုတေသနခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် ဆည် မြောင်းနှင့်အရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ပျော်ဘွယ်မြို့) တို့ ပူးပေါင်းဆောင်ရွက်သော နေကြာသီးနှံ ရေ‌ပေးဝေမှုကို ရှင်းလင်းတင်ပြ ရာ

ဒုတိယဝန်ကြီးကရေကိုလျော့ချချွေတာနိုင်မည့်အပြင် ကုန်ကျ စရိတ် သက်သာစွာဖြင့် အထိရောက်ဆုံးရေပေးဝေရေး နည်းလမ်းများနှင့် တောင်သူများ လက်တွေ့ကျကျ ရေသွင်း စိုက်ပျိုးနိုင်သည့် နည်းစနစ်များ ရှာဖွေဖော်ထုတ်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။