စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် ဧရာဝတီတိုင်းဒေသကြီးရှိ ကြံခင်း၊ မြန်အောင်၊ ဟင်္သာတ ၊ကျုံပျော် မြိုနယ်များမှ တောင်သူများနှင့် တွေ့ဆုံခြင်း

2
1
4
3
5
2 1 4 3 5

စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် တောင့်တင်းခိုင်မာမှုနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာ ဌာနများနှင့်တောင်သူများ ပူးပေါင်းလုပ်ဆောင်မှု အားပေးမြှင့်တင်ရန် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၇)ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးကြံခင်းမြို့နယ် ဘတ်ရဲကျေးရွာရှိ ဧက(၁၀၀) စံပြစိုက်ကွင်းတွင် ဒေသခံတောင်သူများနှင့် ရင်းနှီးခင်မင်စွာ တွေ့ဆုံဆွေးနွေးပါသည်။ မိုးစပါး တစ်ဧက တင်း(၁၀၀) ထွက်ရှိရေး ဧက (၁၀၀) စံပြစိုက်ကွင်းမှ တောင်သူများ နှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးမှဆွေးနွေးပြောကြားပါသည်။

အဲဒီကမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မြန်အောင်ခရိုင်အတွင်းရှိ မြန်အောင်တာ တာမိုင်(၅/၂ မှ ၇/၀ )အတွင်း တာတမံ ထိန်းသိမ်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရာသီချိန်မီပြီးစီးရေးဆောင်ရွက်ပြီး တာပိုင်းအလိုက် ကြံ့ခိုင်မှုရှိရေး၊ ရေရှည်အသုံးပြုနိုင် ရေးအတွက် ဒေသခံများပူးပေါင်းဆောင်ရွက်ရေး အသိပညာပေးဆောင်ရွက်ရန် လိုအပ်ချက် များကိုဖြည့်စွက် မှာကြားပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်သည် မြန်အောင်မြို့နယ် ကန်ဇွန်းခုံအုပ်စု မိုးနေကြာမျိုးစေ့စိုက်ပျိုးပွဲတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး နေကြာမျိုးစေ့ထုတ် လုပ်ငန်းများ ထူထောင်၍ မျိုးမြှင့်တင်ရွေးချယ်ရေးအခွင့်အလမ်းများ ၊ နေကြာမျိုးထိန်းနည်း၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းနည်း ၊ နေကြာစိုက်ပျိုးနည်းများအပါအဝင်၊ နေကြာနှင့်ပတ်သက် သော နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန် လိုအပ်ချက်များကိုဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ ဆင်းရွှေကြာ-၂နေကြာစိုက်ပျိုး ထားရှိမှုများကို ကြည့်ရှုအားပေးပါ သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဟင်္သာတခရိုင် နတ်မော်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင် ရေးရံပုံငွေ ဖြင့်ဆောင်ရွက်လျက်ရှိသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောစပ်ကြဲပတ်ပွဲသို့တက်ရောက်ကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ရာသီဉတုနှင့်ကိုက်ညီသည့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှု ပိုမိုအောင်မြင်ရေး၊ တောင်သူ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သည့် မျိုးစေ့ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျုံပျော်မြို့နယ် ကျီးအိုင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးမန်းစိုးသိန်း၏ ပီလောပီနံ (၁၅)ဧက စိုက်ခင်း ကိုကြည့်ရှုမားပေးပြီး ထွန်စက်များအသုံးပြုကာ ဘောင်မြောင်းဖော်စနစ်ဖြင့် ဝင်ဆံ့အပင်အတိအကျ စိုက်ပျိုးနိုင်ရေးမှာကြားပါသည်။ အဲဒီမှတစ် ဆင့် ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာ အုပ်စုမှ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီးတောင်သူများကိုယ်တိုင်ပါဝင်သည့် စိုက်ပျိုးရေးအခြေခံ စီးပွားရေးဖွံ့ဖြိုးလာရေး၊ သဘာဝမြေဩဇာများ စီးပွားဖြစ်ထုတ်လုပ်သော အသေးစား၊ အငယ်စား နှင့် အလတ်စား MSME လုပ်ငန်းများဖွံဖြိုးလာရေး ၊လယ်ယာမြေဥပဒေဆိုင်ရာ အသိညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။