Medium Term Seed Storage Chamber နှင့် Power Backup Solution တည်ဆောက်ပြီးစီးမှုအား လွှဲပြောင်း လက်ခံခြင်း
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့်ကမ္ဘာ့ဟင်းသီး ဟင်းရွက်ဗဟိုဌာန တို့ ပူးပေါင်း၍ ဩစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေးသုတေသနဗဟိုဌာန ၏ အထောက်အပံ့ဖြင့် အပြည်ပြည်ဆိုင်ရာ ပဲတီစိမ်း သီးနှံဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်တည်ထောင်ခြင်း စီမံကိန်းကိုဆောင်ရွက် လျက်ရှိပါသည်။
အဆိုပါစီမံကိန်း၏ အစီအစဉ်ဖြင့် ပဲတီစိမ်းဗီဇမျိုးကွဲများထိမ်းသိမ်းရန်အတွက် Medium Term Seed Storage Chamber နှင့်Power Backup Solution တို့ကို အိန္ဒိယနိုင်ငံ ၊ Delhi မြို့ရှိ Bhanu Biotech PRIVATE Ltd. မှ တည်ဆောက်ခဲ့ပါသည်။ အဆိုပါတည်ဆောက် ပြီးစီးမှုများအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း မှ ၂၀၂၃ ခုနှစ် ဩဂုတ်လ(၄)ရက်နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေး၍ လွှဲပြောင်းခြင်းအား လက်ခံခဲ့ပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။