စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များ ဂုဏ်မင်းမြှောင်ကျေးရွာ ရှိတောင်သူ အခြေပြု သုတေသန စခန်းတွင် မိုးစပါးအတွက် မျိုးစေ့ ပေးအပ်ခြင်း

2
1
4
3
2 1 4 3

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် မိမိတို့ဌာနမှ ထုတ်ဝေ ထားသည့် မျိုး နှင့် နည်းပညာများ တောင်သူများထံပျံ့နှံ့ရောက်ရှိ၍ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာစေ ရေးအတွက် မျိုးနှင့် နည်းပညာများတောင်သူ့လက်ဝယ်ရောက်ရှိရေး အတွက် တောင်သူအခြေပြု သုတေ သနစခန်း များဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၆) ရက်နံနက်ပိုင်းက စိုက်ပျိုးစီးပွား၊ စိုက်ပျိုးမွေးမြူရေးစနစ် နှင့် နည်းပညာပြန့်ပွားရေး သုတေသန ဌာနခွဲ၊ သီးနှံမျိုးစေ့ သုတေသန နှင့် မျိုးစေ့ပွားများရေး ဌာနစုမှ တောင်သူအခြေပြု သုတေသနစခန်း တစ်ခု ဖြစ်သည့် လယ်ဝေးမြို့နယ် ဂုဏ် မင်းမြှောင်ကျေးရွာရှိ တောင်သူ ဦး တင်လေး ထံသို့ မိုးစပါး တွင် အဆိုပါဒေသအတွင်း သရုပ်ပြ စိုက်ပျိုးပြသနိုင်ရေး ရွှေရီတိုး စပါးမျိုးများအား ပေးအပ်ခြင်းအား ဆောင်ရွက် ခဲ့ပါသည်။

ဆက်လက်၍ ပညာရှင် သုတေသီများမှ တောင်သူများနှင့်တွေ့ဆုံကာ ရွှေရီတိုးစပါးအား စိုက်ပျိုးရာတွင် လိုက်နာ သင့်သည့်နည်းလမ်းများ၊ ပြုစုစောင့်ရှောက်ပုံနည်းလမ်းများ အားဆွေးနွေးပေးခဲ့ပြီး တောင် သူများ သိလို သည်များ အား အပြန်အလှန် ဆွေးနွေးပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ရွှေရီတိုးစပါးမျိုးသည် မနောသုခမျိုးအား အပင်တစ်သျှူးနည်းပညာမွေးမြူ ရရှိ သည့်မျိုးဖြစ်ကာ မနောသုခထက် ပို၍အသက်လျင်ခြင်း၊ အထွက်ကောင်းခြင်း၊ ဆန်ထွက် ရာခိုင်နှုန်းကောင်းခြင်း၊ စားသုံးမှုအရည်အသွေးပိုမိုကောင်း မွန်ခြင်း၊ လမိုင်း အထွက် ကောင်းခြင်း၊ နွေစပါးအဖြစ်စိုက်ပျိုးနိုင်ခြင်းစသည့် လက္ခဏာများအားပိုင်ဆိုင်ပါသည်။

အဆိုပါ ရွှေရီတိုးစပါးမျိုးအား ဆည်ရေသောက်၊ မိုးကောင်းသောက် ဒေသများ အတွက် စိုက်ပျိုးရန် အထူးသင့်တော် ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ် ပါသည်။