စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဖောက်ပြန် ပြောင်းလဲလာသည့် ရာသီဉတု အခြေ အနေတွင် ရေငတ်ဒဏ်ခံ ယာစပါး၏ အရေးပါသော အခန်းကဏ္ဍ

6
5
1
2
3
4
6 5 1 2 3 4

ရာသီဥတုများပြောင်းလဲဖောက်ပြန်လာခြင်း Climate change) ကြောင့်ဖြစ်ပေါ် လာသော အကျိုးသက်ရောက်မှု များအား မြန်မာအပါအဝင် ကမ္ဘာ့တိုင်းပြည် တော်တော်များများမှာ ခံစားကြုံတွေ့နေကြရလျက်ရှိပါသည်။

အယ်နီညို ဖြစ်စဉ်ကြောင့် မိုးခေါင်ခြင်း အန္တရာယ်များ ဖြစ်လာနိုင်မှုနှင့်အတူ အာရှတိုက်တွင် လာမည့်၂ နှစ်အတွင်း ဆန်စပါးဈေးနှုန်းများပိုမိုမြင့်တက်လာဖွယ်ရှိနေသလို ရာသီဥတု ခြောက်သွေ့ခြင်းများကြောင့် အစားအစာစိုက်ပျိုးထုတ်လုပ်မှုများကို ထိခိုက်ရဖွယ်ရှိနေကြောင်း ကမ္ဘာမိုးလေဝသဌာနက သတိပေးထား ကြောင်းလည်းသိရှိရပါသည်။

အယ်နီညို ကြောင့် အရှေ့ တောင်အာရှ ဒေသ အ တွင်းရှိ နိုင်ငံတွေမှာမိုးရွာသွန်းမှုလျော့ကျခြင်း၊ ပုံမှန်မဟုတ်သော အခြေနေများကို တွေ့ကြုံ ရဖွယ်ရှိနေသည်ဟုလည်း ဆိုကြပါသည် ။ ထို့အပြင် အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံ များ တွင် မရှိမဖြစ်အစားအစာဖြစ်သော ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် ရေရရှိမှု လျော့နည်းလာဖွယ်ရှိနေသည်ဟုလည်းခန့်မှန်းကြသည်။

ထိုသို့ ဖောက်ပြန် ပြောင်းလဲလာသည့် ရာသီဉတု အခြေအနေများတွင် ယာစပါး၏ အခန်းကဏ္ဍ သည်အမှန် တကယ်ကိုပင် အရေးပါလို့လာခဲ့ပြီပဲဖြစ်ပါတော့သည်။

ရေငတ်ဒဏ်ခံ ယာစပါး၏ အဓိက ပိုင် ဆိုင်သည့် ဝိသေသလက္ခဏာများ သည်

မိုး ခေါင် ရေရှားမှု ဒဏ်ကို ခံနိုင်ရည်ရှိခြင်း

မိုးရေသောက် ဒေသများ(ရေရရှိမှု အကန့် အသတ်ရှိသောနေရာများ)တွင်စိုက်ပျိုးနိုင်ခြင်း

ပြောင်းလဲလာသည့်ရာသီဉတု၊ ပထဝီဝင်အနေအထားတို့နှင့် လိုက်လျောညီထွေရှိခြင်း

လယ်စပါးနည်းတူအာဟာရတန်ဖိုး ပါဝင်မှု မြင့်မားခြင်း

အပင်ကြီးထွားမှုစက်ဝန်းတိုတောင်းခြင်း

ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကို အထောက်အကူပြုခြင်း

မြေဆီလွှာထိန်းသိမ်းနိုင်းခြင်း စသည်တို့ ကိုပိုင်ဆိုင်ထားကြ သည်။

ရေငတ်ခံစပါးတွင် တောင်ပေါ်ယာ နှင့် မြေပြန့်ယာဟူ၍ နှစ်မျိုးခွဲခြားထားပါသည်။

မြေပြန့်ယာသည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား‌‌ဒေသများနှင့် ရေမိုးမသေချာသော မြေပြန့်ဒေသများတွင်စိုက်ပျိုးနိုင်ပြီး အထွက်နှုန်းသင့်တင့်စွာ ရရှိနိုင်သောကြောင့် ဆည်ရေမရနိုင် သောဒေသများအတွက် စိုက်ပျိုးရန်သင့်တော်ပါသည်။

တောင်တန်း‌ဒေသများတွင် ‌ တောင်ပေါ် ယာစပါး စိုက်ပျိုးလျက်ရှိပြီး မိုးရေကိုသာ မှီခို၍ စိုက်ပျိုးရသောဒေသများနှင့် သင့်တော်သော ကြောင့် တောင်သူများအတွက် များစွာအကျိုးပြုပါသည်။

ယခုအခါ ပြောင်းလဲလာသော ရာသီဥတု ကြောင့် မိုးရွာသွန်းမှုမှာ လွန်စွာနည်းပါးလာပြီး တောင်သူများအတွက် ရေငတ်ဒဏ် ခံနိုင်သည့် စပါးမျိုးများကလွန်စွာ အရေးပါလို့လာခဲ့ပြီ။ ထို့ကြောင့် ရေငတ်ခံစပါးမျိုးသစ်များ မွေးမြူရွေးချယ်ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းသည်အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ဖြစ်တည် လာခဲ့ပါပြီ။

လယ်စပါးမျိုးများနေရာတွင် မိမိတို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် ယာစပါးမျိုးများ အစားထိုးပေးနိုင်ရေး အတွက် ရေငတ်ခံယာစပါးမျိုးများ မွေးမြူရွေးချယ်ခြင်း လုပ်ငန်းများကို ရေမိုးမသေချာ၍ ဆည်ရေမရနိုင်သော မိုးနည်းရပ်ဝန်း မြေပြန့် ဒေသများတွင် စိုက်ပျိုးနိုင်ပြီး စားသုံးမှုနှင့် အထွက်နှုန်းသင့်တင့်သော ရေငတ်ခံယာစပါးမျိုးများ ရရှိရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရေငတ်ခံ ယာစပါးမျိုးများတွင် ရှိသင့်သည့် အရည်အချင်း လက္ခဏာ များဖြစ်သည့်

အသက်လျင်ခြင်း (၁၂၀ အောက်)

အပင်အမြင့်အသင့်အတင့်ရှိခြင်း (၃.၀-၃.၅ ပေ)

သင့်တင့်သောပင်ပွါးရှိခြင်း

အပင်ငယ်စဥ်တွင် ကြီးထွားမှုလျှင်မြန်ခြင်း

ရေငတ်ဒဏ်ခံနိုင်ခြင်း,

တောင်ပေါ်ယာစပါးများတွင် ပန်းပွင့်ချိန်၌

အပူချိန်နိမ့်ကျမှုကို ခံနိုင်ရည်ရှိခြင်း,

ဂုတ်ကျိုးနှင့် ရွက်ညိုပြောက်ရောဂါကို ခံနိုင်ခြင်း,

အထွက်နှုန်း ၆၀-၈၀ တင်း/ဧက ထွက်ရှိနိုင်ခြင်း စသည့်အချက်များဖြင့် တိုင်းတာချိန်ညှိ၍

ရေငတ်ခံစပါးမွေးမြူခြင်း သုတေသနလုပ်ငန်းများကို စိုက်ပျိုး ရေးသုတေသနဦးစီးဌာန အနေဖြင့် ဖိလစ်ပိုင်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေ သနဌာန၊ တရုတ်နိုင်ငံရှိ ယူနန်စိုက်ပျိုးရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိရာ ယခုအခါတွင် မြေပြန့်ယာ ၈ မျိုး ၊ယာစပါး မျိုးထွန်းမျိုးတစ်မျိုး နှင့် တောင်ပေါ်ယာ ၇ မျိုး စုစုပေါင်း ၁၆ မျိုးကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

ယာစပါးစိုက်ပျိုးမှုသည် ရေရှားပါးမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတို့နှင့် ရင်ဆိုင်နေရသော ဒေသများ အတွက် စားနပ်ရိက္ခာ ဖူလုံရေးနှင့် အသက်မွေးဝမ်းကြောင်း မှု များ တွင် အရေးပါ သော အခန်းကဏ္ဍမှ ပါဝင် လာပြီဖြစ် ကာ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရန်နှင့် သဘာဝ ပတ်ဝန်း ကျင်ကို ကာကွယ်ပေးနိုင်သည့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့် ကောင်းများကိုများစွာ ပံ့ပိုးပေးသွားနိုင် မည်ဖြစ်ပါကြောင်း မှတ်တမ်းပြု ဖော်ပြအပ်ပါသည်။

“စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှထုတ်ဝေထားသည့် ယာစပါး မျိုးများ၏ အရည်အချင်း လက္ခဏာများအားဆက်လက်ဖော်ပြသွားပါမည်”

စိုက်ပျိုးရေးသုတေသနဦးစီးဌာန-Farmer Channel