စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် စိုက်ပျိုး ရေးသုတေသနဦးစီးဌာန ရေငတ်ခံယာစပါးမျိုးများ မွေးမြူရွေးချယ်ခြင်း သုတေသန များအား လာရောက် ကွင်းဆင်း ကြည့်ရှုအားပေးခြင်း

2
5
3
4
၁
6
8
7
2 5 3 4 ၁ 6 8 7

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ၂၀၂၃ခုနှစ်ဇူလိုင်လ (၂၂) ရက် နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသန ဌာနခွဲ၊စပါး သုတေသန ဗဟိုဌာန တွင် ရေငတ်ခံယာစပါးမျိုးများ မွေးမြူရွေးချယ်ခြင်းသုတေသနများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ရှေးဦးစွာ စိုက် ပျိုး ရေးသုတေသနဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ နိုင်ကြည် ဝင်း က ရာသီဉတုဖောက်ပြန်ခြင်းများသည် လူသားတို့ အတွက်စိန် ခေါ်မှုတစ်ရပ်ဖြစ်ပါကြောင်း၊ အလ်နီညို ရာသီဉတုပြောင်လဲမှု့ကို ၂၀၁၆ ခုနှစ်ကလည်း တွေ ကြုံခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်မှာထပ်မံ ကြုံ ကြနိုင်ပါကြောင်း၊

အယ်နီညို ကြောင့် မိုးရွာသွန်းမှုလျော့ကျတာ၊ အပူချိန်မြင့်တက်လာပြီး စပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေအခက်အခဲ ရှိလာနိုင်မည် ဖြစ်ပါကြောင်း ၊

သို့ ပါသောကြောင့် နောက်လာမည့်နှစ် များတွင် လယ်စပါးမျိုးများနေရာတွင် မိမိတို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် ယာစပါးမျိုးများ အစားထိုးပေးနိုင်ရေး အတွက် ရေငတ်ခံယာစပါးမျိုးများ မွေးမြူရွေးချယ်ခြင်းလုပ်ငန်းများကို ရေမိုးမသေချာ၍ ဆည်ရေမရနိုင်သော မိုးနည်းရပ်ဝန်း မြေပြန့်ဒေသများတွင် စိုက်ပျိုးနိုင်ပြီး စားသုံးမှုနှင့် အထွက်နှုန်းသင့်တင့်သော ရေငတ်ခံယာစပါးမျိုးများ ရရှိရန် ဆိုသည့်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊

မျိုးမွေးမြူရွေးချယ် ရရှိလာသည့် အလားအလာကောင်းသည့်(အထွက်နှုန်း ၇၀-၇၅) မျိုးများအား တောင်သူများပူးပေါင်းပါဝင်စေကာ တောင်သူများအကြိုက် ရွေး ချယ်သွား စေမည်ဖြစ်ပါကြောင်း၊နှင့်တောင်ပေါ်ယာစပါးနှင့် မြေပြန့်ယာစပါး နှစ်မျိုးလုံးအတွက် မျိုးစပ် မွေးမြူခြင်း နှင့်တိုက်ရိုက် အသုံးချခြင်း လုပ်ငန်းများကို အချိတ်အဆက်မိမိ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ရှင်းလင်း တင်ပြမှုများ အပေါ် ဒုတိယ ဝန်ကြီးမှ လိုအပ်သည်များ အကြံပြု မှာကြားခြင်း၊ လမ်းညွှန် ပေးခြင်များ ဆောင်ရွက်ခဲ့ပြီး ပညာရှင်များအနေဖြင့် အားလုံးပူးပေါင်းကာ မိမိတို့နှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အချင်းချင်း ချိတ်ဆက် ပူးပေါင်းကာ ပိုမိုပြည့်စုံကောင်းမွန် သည့် ရလာဒ် ကောင်းများ ရရှိလာရေး အင်တိုက်အားတိုက် ဆောင်ရွက်သွားကြရန် လမ်းညွှန် အားပေး စကားများ ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ သီးနှံသုတေသနတာဝန်ခံ ဒေါ်ခြံရံဝင်းမှ ရေငတ်ခံယာစပါးမျိုးများ မွေးမြူရွေးချယ်ခြင်း သုတေသနများအား‌ စိုက်ပျိုးရေးသုတေသနဗဟိုဌာန စတင်တည်ထောင်ချိန်ကတည်းကပင် စတင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊

ရေငတ်ခံစပါးမွေးမြူခြင်း သုတေသနလုပ်ငန်းများကိုဖိလစ်ပိုင် နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနနှင့် တရုတ်နိုင်ငံရှိ ယူနန်စိုက်ပျိုးရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ

ယခုအချိန်တွင် မြေပြန့်ယာ(၉)မျိုး ဖြစ်သည့်(ယာ-၁၊ယာ-၂၊ယာ၃၊ ယာ-၄၊ ယာ-၅၊ ယာ-၆၊ ယာ-၇၊ ယာ-၈၊ယာ-၂ထွန်း)မျိုးများ၊ တောင်ပေါ်ယာ(၆)မျိုး ဖြစ်သည့် (ကုန်းမြင့်-၁၊ ကုန်းမြင့်-၂၊ YUR-1၊ YUR-2၊YUR-3၊ YUR-4) မျိုးများထုတ်ဝေနိုင်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး

ဒုတိယဝန်ကြီးမှ ရေငတ်ခံစပါးမျိုး များမွေးမြူရွေးချယ်ခြင်း သုတေသန ဆောင်ရွက် ထားရှိမှုများအား စမ်းသပ်ကွက် တစ်ကွက်ချင်း မျိုးတစ်မျိုးချင်းဆီအလိုက် အပင်ပိုင်း ရုပ်သွင်ပြင် လက္ခဏာများအား နှိုင်းယှဉ်လေ့လာ ၍ လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ ပါကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြ အပ်ပါသည်။