စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

တောင်သူ့လက်စွဲ နေကြာစိုက်ပျိုးနည်းအခန်း(၅)

3
2
4
5
1
6
3 2 4 5 1 6

သားခွဲခြင်းနှင့် ပေါင်းရှင်းခြင်း

(၅.၁) သားခွဲခြင်း

နေကြာပင်၏ ၁၄ရက်သားတွင် တစ်ကျင်းတစ်ပင်ချန်၍ သားခွဲပါ။

အပင်ဖြစ်ထွန်းမှု ကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်စေပါသည်။

သားခွဲ နောက်ကျပါက နေကြာပင်အချင်းချင်း အစာအဟာရ အလင်းရောင်စသည်တို့တွင် ယှဉ်ပြိုင်မှုများသဖြင့် အပင်သန်စွမ်းမှု လျော့နည်းတတ်ပါသည်။ နေကြာပင်၏ အမြစ်ကြီးထွားမှုကို ထိခိုက်စေပါသည်။

(၅.၁) ပေါင်းကြောင့် နေကြာအထွက်လျော့နည်းပုံ

ပေါင်းကြောင့်နေကြာပင်များ ဖွံ့ဖြိုးမှုနည်းသွားပြီး နေကြာအထွက် ၅၀ရာခိုင်နှုန်းလျော့ကျနိုင်ပါသည်။

ဆိုလိုသည်မှာ ပေါင်းမရှိသောနေကြာခင်းမှ တင်း ၅၀ ထွက်ပြီး ပေါင်းမရှင်းသော နေကြာခင်းမှ ၂၅တင်းသာ ထွက်ရှိနိုင်ပါသည်။

(၅.၂) ပေါင်းနှိမ်နင်းနည်းစနစ်

မျိုးစေ့ချပြီး ၂၄ နာရီတွင်း အပင်မပေါက်မီသုံးသည့် ပေါင်းသတ်ဆေးကို အသုံးပြုပါ။

ဆေးညွှန်းအတိုင်းတိတိကျကျ အသုံးပြုပါ။ ဆေးအတုအပများကို သတိပြုပါ။

ကြားထွန်တိုက်၍ ပေါင်းရှင်းပါ။ လုပ်အားနှင့် အချိန်ကုန်သက်သာသည်။ အတန်းကြားမှ ပေါင်းများကို ရှင်းနိုင်သည်။ မြေကို လေဝင်လေထွက် ကောင်းစေသည်။

လူဖြင့် ပေါက်ပြားဖြင့်ပေါက်၍ ပေါင်းရှင်းပါ။ ကုန်ကျစရိတ်များသည်။ ပင်ခြေများကိုရှင်းလင်းနိုင်သည်။ ပေါင်းများကို အပြောင်ရှင်းလင်းနိုင်သည်။

(၅.၃) ပေါင်းနှိမ်နင်းရမည့်အချိန်

နေကြာစိုက်ပြီး ၃၀ရက်သားအတွင်း ပေါင်းနှိမ်နင်းရပါမည်။

ပေါင်းမရှိသောနေကြာခင်းသည် အပင်ငယ်စဉ်တွင် ကြီးထွားမှု မြန်ပြီး ပေါင်းကို ယှဉ်နိုင်စွမ်းကောင်းမွန်ပါသည်။