စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့ စစ်တွေမျိုးသန့်ခြံ၌ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှဆောင်ရွက်ထားရှိသည့် ဒေသနှင့် သင့်တော်မည့် ဆားငန်ဒဏ်ခံစပါးမျိုးများ ရှာဖွေဖော်ထုတ်ခြင်း သုတေသန အား ကြည့်ရှုစစ်ဆေးခြင်း

2
1
4
3
2 1 4 3

၂၀၂၃ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်အဖွဲ့ သည် စစ်တွေမျိုးသန့်ခြံ၌ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ဆောင်ရွက်ထားရှိသော ဆားငန်ဒဏ်ခံစပါးမျိုးများ ရှာဖွေဖော်ထုတ်ခြင်း သုတေသန အား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ စိုက် ပျိုး ရေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများမှ စစ်တွေမျိုးသန့်ခြံအတွင်းဆောင်ရွက်ထားရှိသည့် ဆားငန်ဒဏ်ခံစပါးမျိုးများ ရှာဖွေဖော်ထုတ်ခြင်း သုတေသန နှင့် စပ်လျဉ်း၍ ဒေသနှင့်သင့်တော်မည့် ဆားငန်ဒဏ်ခံစပါးမျိုးများ ရှာဖွေဖော်ထုတ်စမ်းသပ်ရန် ရည်ရွယ်၍

ဆားငန်ဒဏ်ခံစပါးမျိုးများဖြစ်သော ရေဆင်း စပါး သုတေသန ဗဟိုဌာန မှ မျိုး ၆ မျိုးဖြစ်သည့်( YSTR -12၊ ရွှေအာဆီယံ ၊ပြည်မြန်မာစိန်၊ ဆားငန်ခံဆင်းသွယ်လတ်၊ ဆားငန်ခံ-၅၊ ဆားငန်ခံ- ၆)

မြောင်းမြ ဒေသသုတေသနဌာနမှ ၃ မျိုးဖြစ်သည့် ( ဧရာမောင် ၊ ရွှေပြည်မင်း ၊ ရွှေပြည်ဝင်း ) နှင့်

GW-11 စပါးမျိုး စုစုပေါင်း ၁၀မျိုး ထည့်သွင်းစမ်းသပ်ထားပါကြောင်း ရှင်းလင်း တင်ပြခဲ့ပြီး ဒုဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါ စပါးမျိုးများ ပျိုးထောင်ထား သည့် ပျိုးခင်းအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ ကာ လိုအပ်သည်များ အကြံပြု မှာကြားခြင်း၊ လမ်းညွှန် အားပေးခြင်များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။