တောင်သူ့လက်စွဲ နေကြာစိုက်ပျိုးနည်းအခန်း(၂)
နေကြာစိုက်ခင်းအတွက်မြေယာပြုပြင်ခြင်း
(၂.၁) မြေယာပြုပြင်မှု အရေးပါပုံ
နေကြာစိုက်သည့်အခါ မြေယာပြင်မှု မကောင်းလျှင် အပင်ကြီးထွားမှု ပုံမှန်မဖြစ်ဘဲ အထွက်နှုန်း ကျဆင်းနိုင်ပါသည်။
(၂.၂) မြေယာပြုပြင်ရသည့် ရည်ရွယ်ချက်
မြေပြုပြင်သည့်အခါ ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ပြုလုပ်ပါက ပေါင်းမြက်များကို သေစေနိုင်ပါသည်။
အမြစ်ထိုးဆင်းမှုကို အားကောင်းစေပါသည်။
မြေတွင်း လေဝင်လေထွက်ကောင်းစေပါသည်။
(၂.၃) နေကြာစိုက်ကွက် မျက်နာပြင် ညီညာအောင် ပြုပြင်ပါ။
ရရှိမည့် အကျိုးကျေးဇူး
စိုက်ကြောင်းဆွဲသည့် အခါ ဖြောင့်တန်းစေပါသည်။
စိုက်ပျိုးရေကို ထိထိရောက်ရောက် အသုံးပြုနိုင်ပါသည်။
အပင်ပေါက်ကောင်းမွန်စေပါသည်။
အပင်ကြီးထွားမှု အားကောင်းစေပါသည်။
အပင်အရွယ်အစား ညီညာစေပါသည်။
ရင့်မှည့်ချိန်ညီညာပြီး အလေအလွင့်နည်းစေပါသည်။
(၂.၄ ) စိုက်ခင်းပတ်လည် ရေထုတ်မြောင်း၊ ရေသွင်းမြောင်းများ ပြုလုပ်ပါ။ မိုးရာသီစိုက်နေကြာခင်းအတွက် ရေပိုရေလျှံများကို လျော့နည်းစေပြီး ရေဝပ်ဒဏ်ကို သက်သာစေပါသည်။
မိုးနှောင်းရာသီစိုက် နေကြာခင်းအတွက် ဖြည့်စွက်ရေပေးသွင်းရာတွင် အဆင်ပြေလွယ်ကူစေပြီး အပင်ပျောက်နည်းစေပါသည်။