၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်း သား/သမီး များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနရေဆင်းရှိ စုဝေခန်းမတွင်၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းသား/သမီး၊ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့် သည့်အခမ်းအနား ကို ၂၀၂၃ ခုနှစ် ဇူလိုင် လ(၁၀)ရက် တွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးများနှင့် ဌာနစုတာဝန်ခံများ ၊ကျောင်းသားမိဘများနှင့် ဆုရကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ဂုဏ်ပြု ဆုချီးမြှင့် သည့် အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ အဖွင့်အမှာစကား ပြောကြားရာ ယနေ့ကျင်းပသည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့် သည့် အခမ်းအနား သည် ဂုဏ်ယူဖွယ် ကောင်းသည့် အခမ်း အနားတစ်ခုဖြစ်ပါကြောင်း၊
ဂုဏ်ထူးရ ကျေုာင်းသား/ကျောင်းသူများအား မိမိအနေဖြင့်များစွာဂုဏ်ယူပါကြောင်း၊ တက္က သိုလ်ဝင် စာမေးပွဲကိုအောင်မြင်ပြီးနောက် မိမိရည် မှန်း ချက်ထားရှိရာ ဘွဲ့ဒီဂရီများရရှိရန် ဆက်လက် ဆည်းပူးရမှာ ဖြစ်ပြီး ဘွဲ့ဒီဂရီအလိုက်နှစ်သက်ရာ လုပ်ငန်းခွင်များတွင် နိုင်ငံတော်အတွက် အားကိုး အားထား ပြုရမည့် သူများဖြစ်လာစေရန် ကြိုးပမ်းသွားကြရေးတိုက်တွန်းလိုပါကြောင်း၊
မိမိတို့ဌာနရှိ ဝန်ထမ်းများအနေဖြင့် အားသန်ရာဘာသာရပ်အလိုက် ဝါသနာပါသူ၊ကူညီလိုသူများ စုစည်းကာ စာကျက်ဝိုင်း၊ စာသင်ဝိုင်းများ အဖြစ်ဝိုင်းဝန်း၍ ဝန်ထမ်းမိသားစုမှ ကလေးများအား သင်ကြား ပေးနိုင်မည်ဆိုပါက မိမိတို့စိုက်ပျိုးရေးသုတေသနဉီးစီးဌာန ဝန်ထမ်းမိသားစုများ၏ ပညာ ရေးကို များစွာ အထောက်အကူပြုနိုင်မည်ဟု မိမိအနေဖြင့် အကြံပြုလိုပါကြောင်း၊
မိမိတို့ ၏ ပတ်ဝန်းကျင်ကောင်း တစ်ခုအားဖန်တီးရင်း ဝန်းကျင်အသိုင်းအဝန်း၏ အနာဂတ် ကာလတိုးတက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလား အလာကောင်း များ နှင့် အနာဂတ်ကာလတိုးတက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးရေးအား အလေး ထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် မှ ဂုဏ် ထူး ရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ ကြကာ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြ ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။