စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ဩဂဲနစ်သုတေသန ဗဟိုဌာနတွင် သုတေသန ဆောင်ရွက်နေမှုအခြေအနေများအား ညွှန်ကြားရေးမှူးချုပ် မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ဩဂဲနစ်သုတေသန ဗဟိုဌာနတွင် သီးနှံစုံ သုတေသန လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်နေမှု အခြေအနေများအား ၂၀၂၃ခုနှစ်် ဇူလိုင်လ(၉)ရက် နံနက်ပိုင်း က ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း မှ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပါ သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ရာ သက် ဆိုင်ရာညွှန်ကြားရေးမှူးများ၊ ဩဂဲနစ် သု တေသန ဗဟိုဌာန နှင့် စပါး ၊ ဟင်းသီး/ရွက် သစ်သီးဝလံ၊ ပဲမျိုးစုံ ၊ဆီထွက် ၊ အခြားနှံစား ၊စက်မှု/စားသောက် ကုန် အဏုဇီဝ သုတေသန ဌာနစုများမှ တာဝန်ရှိသူများမှ ဌာနအလိုက် သုတေသန ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းပြသခဲ့ကြပြီး ညွှန်ကြား ရေးမှူးချုပ်မှ လိုအပ်သည်များအား လမ်းညွှန် မှာကြားကာ သုတေသီများအားသုတေသနလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင် ရေး အားပေး စကားများ ပြောကြားပေးခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။