စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် စိုက်ပျိုး ရေးသုတေသနဦးစီးဌာန ၊ဟင်းသီးဟင်းရွက်သုတေသနဌာနစု တွင်ဆောင်ရွက်လျက်ရှိသည့် သုတေသနများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ၂၀၂၃ခုနှစ်ဇူလိုင်လ(၈) ရက် နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဥယျာဉ်ခြံသီးနှံ သုတေသနဌာနခွဲ ၊ဟင်းသီးဟင်းရွက်သုတေသနဌာနစု အတွင်း သုတေသနပြု ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ စိုက် ပျိုး ရေးသုတေသနဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာနိုင်ကြည် ဝင်း က ဟင်းသီးဟင်းရွက်သုတေသနဌာနစုတွင် သုတေသနပြုဆောင်ရွက်လျက်ရှိသည့် မြေလွှာမဲ့စိုက်ပျိုးနည်းစနစ်တွင် အသုံးပြုသော အသင့်သုံး အာဟာ ရရည်များ ထုတ်လုပ်သည့်သုတေသနများ ဆောင်ရွက်ထားရှိမှု၊ တန်ဖိုးမြှင့် ဟင်းသီး ဟင်းရွက်များ တစ်နှစ်ပတ်လုံး အမိုးအကာ ဖြင့် စဉ်ဆက်မပြတ် စိုက်ပျိုး ထုတ်လုပ်ခြင်း သုတေ သနများ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြသခဲ့ပြီး
အဆိုပါ ရှင်းလင်းတင်ပြမှုများနှင့်သုတေသနပြု ဆောင်ရွက်ထားရှိမှုများအပေါ် ဒုတိယ ဝန်ကြီးမှ လိုအပ်သည်များ အကြံပြု မှာကြားခြင်း၊ လမ်းညွှန် အားပေးခြင်များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။