တောင်သူများ ပူးပေါင်းပါဝင်သော ရှေ့ပြေးပဲမျိုးစုံကျေးရွာ တည်ထောင်ခြင်း စီမံကိန်း အားလေ့လာသုံးသပ်ဆွေးနွေးခြင်းနှင့် မျိုးစေ့ချကိရိယာများပေးအပ်ခြင်း အခမ်းအနားကျင်းပ ခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် ကိုရီးယားနိုင်ငံ KOPIA-RDA တို့ပူးပေါင်းဆောင်ရွက်သော တောင်သူများ ပူးပေါင်းပါဝင်သော ရှေ့ပြေးပဲမျိုးစုံကျေးရွာ တည်ထောင်ခြင်း စီမံကိန်း အားလေ့လာသုံးသပ်ဆွေးနွေးခြင်းနှင့် မျိုးစေ့ချကိရိယာများပေးအပ်ခြင်း အခမ်းအနား ကို၂၀၂၃ခုနှစ် ဇူလိုင် (၁)ရက်က လယ်ဝေးမြို့နယ် လက်ပံတန်းကျေးရွာ၌ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပဲမျိုးစုံ သီးနှံသုတေသနဌာနစု မှ စီမံကိန်းတာဝန်ခံ နှင့် ပြောင်းသီးနှံသုတေသနနှင့် စပါးသီးနှံ သုတေသနတို့မှ သုတေသီ ပညာရှင်များ ကိုရီးယားနိုင်ငံ KOPIA-RDA Project မှတာဝန်ရှိသူများ ၊ လက်ပံတန်း၊ အောင်ချမ်းသာ၊ အေးချမ်းသာ၊ နနွင်းကုန်း၊ အုတ်ဖိုဇောင်း၊ပင်သောင်၊ညောင်ပင်သာ၊သရက်ချောင်း ကျေးရွာများမှ ကျေးရွာခေါင်း ဆောင်များ၊တောင်သူများတက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ KOPIA Myanmar Center Director Dr.Kim Jaehyun မှအဖွင့်အမှာစကားပြောကြားရာ KOPIA Myanmar Center ဟာဆိုရင်ဖြင့် ၂၀၀၉ခုနှစ်ကတည်းက မြန်မာနိုင်ငံရှိတောင်သူများဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး ရေးသုတေသနနှင့် ပူးပေါင်းဆောင်ရွက် လာသည်မှာ ယခုဆိုလျှင်၁၄ နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယနေ့တွင်လည်းတောင်သူများ ပဲမျိုးစုံသီးနှံနှင့် ပတ်သက်၍ သိလိုသည်များသာမက အခြားသောသီးနှံများအတွက်ကိုပါ သိလိုသည်များကိုသိရှိနိုင်စေရန် ပြောင်း၊စပါးပညာရှင်များကိုပါ ခေါ်ဆောင်ပေးခဲ့ပါကြောင်းပြောကြားခဲ့ပြီး တောင်သူများနှင့် မိတ်ဆက်ပေး ခြင်း၊ ကျေးရွာခေါင်းဆောင်များနှင့် မိတ်ဆက်ခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ KOPIA Myanmar Centerမှ စီမံကိန်းအကြံပေးပညာရှင် Dr.Lee Jeong Gwan မှနှုတ်ခွန်းဆက် စကားပြောကြားပြီးပဲတီစိမ်း၊ပဲပုပ်သီးနှံများစိုက်ပျိုးရာတွင် စတင် စိုက်ပျိုးချိန် မှရိတ်သိမ်းချိန်အထိ လိုက်နာ ကျင့်သုံးသင့် သည့် စိုက်ပျိုးနည်းစနစ်များ၊ ပိုးမွှား ရောဂါနှင့်ပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းများအား လည်းကောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ပြောင်းသီးနှံနှင့်စပါးသီးနှံ သုတေသနပညာရှင်များမှ စပါးသီးနှံ ၊ ပြောင်းသီးနှံတို့နှင့်စပ်လျဉ်း၍လည်းကောင်းဆွေးနွေးပေးခဲ့ကြပြီး တောင်သူများ၏ မေးမြန်း မှုများအပေါ် ပြန်လည်ဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် စီမံကိန်းတာဝန်ရှိသူများမှ စီမံကိန်းကာလအတွင်း ပဲပုပ်သီးနှံ၊ ပဲတီစိမ်းသီးနှံ၊ ကုလားပဲသီးနှံတို့တွင်အထွက်အများဆုံးရရှိကြသည့် တောင်သူ(၃)ဦးအားဆုချီးမြှင့်ခြင်း၊ စီမံကိန်းတွင်ပါဝင်ခဲ့သည့် ကျေးရွာ(၈)ရွာအား မျိုးစေ့ချကိရိယာများပေးအပ်ခြင်း၊ ပဲမျိုးစုံသီးနှံ တန်ဖိုးမြှင့် ထုတ်ကုန် အစားအစာမျာ ပြုလုပ်ခြင်းသင်တန်းတက်ရောက်ထားသည့် အမျိုးသမီးများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် တက်ရောက်လာသူများ အားလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။