စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနဆီထွက်သီးနှံသုတေသနဌာနစု၌ဆောင်ရွက်လျက်ရှိသောမြေပဲသီးနှံသုတေသနများ(မြေပဲသီးနှံသုတေသနမှသည် စားနပ်ရိက္ခာ ဖူလုံရေး၊အာဟာရပြည့်ဝစေရေး နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆီ)သို့

3
5
1
4
2
3 5 1 4 2

မိမိတို့နိုင်ငံသည်စပါးပြီးလျှင် ဆီထွက်သီးနှံသည် အရေးကြီးသီးနှံ တစ်ခုဖြစ်ပါသည်။ ဆီထွက် သီးနှံများထဲမှမြေပဲသီးနှံသည်ဒုတိယအစိုက်အများဆုံးသီးနှံဖြစ်သည်။မြေပဲကိုအဓိကအားဖြင့်စစ်ကိုင်း၊ မန္တလေး ၊မကွေး၊ဧရာဝတီနှင့် ပဲခူးတိုင်း ဒေသကြီး တို့တွင်အများ ဆုံးစိုက်ပျိုး ကြသည်။ လက်ရှိတွင် မြေပဲသီးနှံ၏ သတ်မှတ်အထွက်နှုန်း ၁ ဧက ကို ၇၀အထွက်နှုန်း ထက်လျော့ နည်းနေသေး ကြောင်း ကိုလည်း တွေ့ရှိ နေရ သေးသည်။

အထွက်ကောင်းနှင့် မျိုးကောင်း၊မျိုးသန့်၊မြေပဲမျိုး များအား စိုက်ပျိုးမှုနည်းခြင်း၊ ပိုးမွှားရောဂါ ပေါင်းမြက်များကျရောက်ခြင်း နှင့် အခြားသောရေ၊ မြေ၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာခြင်း များက အထွက် လျော့နည်းလာစေသည့် အဓိက အကြောင်း ရင်းများဖြစ်ကြသည်။ ထိုသို့ အထွက် လျော့နည်း လာခြင်းအားဖြင့် တောင်သူများ၏ ဝင်ငွေ ကိုများ စွာထိခိုက် လာကာ ပြည်တွင်းစားသုံးဆီဖူလုံမှုအပေါ် အကျိုးသက်ရောက် မှုများစွာ ရှိလာတာကိုလည်း တေွ့ရှိရပါသည်။ ထိုသို့ အထွက်နှုန်းလျော့နည်း မှုများကို ကျော်လွှားရန်အတွက် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ၊ဆီထွက်သီးနှံဌာနစုအနေဖြင့် သုတေသနလုပ်ငန်းစဉ်ကြီး များအဖြစ် စားနပ်ရိက္ခာ ဖူလုံရေးနှင့်အာဟာရပြည့်ဝစေရေး သုတေသနလုပ်ငန်းများနှင့် လိုက်လျောညီထွေ ရှိသည့် ရေရှည်တည်တံ့မည့် စိုက်ပျိုးရေးဆိုင်ရာသုတေသနလုပ်ငန်းများအားဆောင်ရွက်လျက်ရှိပါသည်။ ပထမတစ်ခုဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေးနှင့်အာဟာရပြည့်ဝစေရေး သုတေသနလုပ်ငန်းများ သုတေသနပြုဆောင်ရွက်ရာတွင် အထွက်နှုန်းကောင်းသော မြေပဲမျိုးများ ရရှိရေး၊ အစေ့အဆံကြီးမားသော အစေ့စားမြေပဲမျိုးများရရှိရေး၊ အတွက် ဆောင်ရွက်လျက်ရှိပြီး ဒုတိယလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လိုက်လျောညီထွေ ရှိသည့် ရေရှည်တည်တံ့မည့် စိုက်ပျိုးရေးဆိုင်ရာသုတေသနလုပ်ငန်းများအား သုတေသနပြုဆောင်ရွက်ရာတွင် အရွက်ရောဂါဒဏ်ခံနိုင်သည့်မျိုးများရှာဖွေခြင်း၊ ရေငတ်ဒဏ်ခံနိုင်ရည်ရှိသောမျိုးများရှာဖွေခြင်းနှင့် အသက်လျင်မျိုးများရှာဖွေခြင်းသုတေသနများလည်းဆောင်ရွက်လျက်ရှိပါသည်။

ရောဂါဒဏ်ခံနိုင်သည့်မျိုးများ၊ ရေငတ်ဒဏ်ခံနိုင်ရည်ရှိသောမျိုးများနှင့် အသက်လျင်မျိုးများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ဓာတုဗေဒသွင်းအားစုများအပေါ် မှီခိုအားထားမှုကို လျော့နည်းစေပြီး မြေပဲစိုက်ပျိုးမှုတွင် သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်စေသော အကျိုးကျေးဇူးများကို ရရှိနိုင်စေခြင်း၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာအသုံးပြုမှုကို လျှော့ချခြင်းဖြင့် ဂေဟစနစ်နှင့် ရေအရင်းအမြစ်များအပေါ် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို လျှော့ချနိုင်ခြင်း၊ရေရှားပါးသော ဒေသများအတွက် အလွန်အရေးပါသော မြေပဲစိုက်ပျိုးမှုတွင် ရေအသုံးပြုမှု ထိရောက်မှုကို မြှင့်တင်ပေးနိုင်ခြင်း၊ သက်လျင်မျိုးများ ရရှိလာခြင်းဖြင့် သီးနှံပုံစံများတွင်် အခြားသီးနှံများနှင့်ပိုမို ချောမွေ့စွာပေါင်းစပ်ပါဝင်လာနိုင်မည်ဖြစ်ကာ မြေပဲသီးနှံသုတေသနမှသည် စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် များစွာအထောက် အကူပြုမည်ဖြစ်ပါကြောင်းမှတ်တမ်းပြုဖော်ပြအပ်ပါသည်။