ဥယျာဉ်ခြံသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက် သုတေသနဌာနစုတွင် တန်ဖိုးမြှင့် ဟင်းသီး ဟင်းရွက်များ တစ်နှစ်ပတ်လုံး အမိုးအကာ ဖြင့် စဉ်ဆက်မပြတ် စိုက်ပျိုး ထုတ်လုပ်ခြင်း သုတေ သနများဆောင်ရွက်လျက်ရှိခြင်း
စိုက် ပျိုးရေးသုတေသနဦးဌာန ဥယျာဉ်ခြံသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက် သုတေသဌာနစုတွင် တန်ဖိုးမြှင့် ဟင်းသီး ဟင်းရွက်များ တစ်နှစ်ပတ်လုံး အမိုးအကာ ဖြင့် စဉ်ဆက်မပြတ် စိုက်ပျိုး ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ မိုးရာသီတွင် ငရုတ်ချို၊ ခရမ်း၊ သခွား၊ ပန်းမုံလာ သီးနှံများအား သုတေ သနပြုဆောင်ရွက်လျက်ရှိ ပါသည်။
အမိုးအကာနည်းပညာ များဖြင့် တန်းဖိုးမြှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုး ထုတ်လုပ် မှု သုသေတန ကို အောက်ပါရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ပါသည်။
(၁) ခေတ်မီ ပိုးမွှားလုံ အမိုးအကာ တွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် စားသုံးမှု လုံခြုံစိတ်ချ၍ တန်ဘိုးမြှင့် ဟင်းသီးဟင်းရွက်များ ထုတ်လုပ်နိုင်မည့် နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာစေရန်
(၂) မိုးရာသီကဲ့သို့ သော ရေမြေ အခြေအနေ မပေးသော ပတ်ဝန်းကျင်ကို ကျော်လွှား၍ စားသုံးမှု လုံခြုံစိတ်ချစေသည့် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်များ တစ်နှစ်ပတ်လုံး စိုက်ပျိုး ထုတ်လုပ် နိုင်ပြီး တောင်သူများ၏ လူနေမှု ဘဝ နှင့် ဝင်ငွေ တိုးတက်မြင့် မားလာစေရန်
ဟင်းသီးဟင်းရွက်များကို မိုးများလွန်းခြင်း၊ မိုးနည်းလွန်းခြင်း၊ အပူချိန်မြင့်လွန်းခြင်း၊ နိမ့်လွန်းခြင်း စသည့် ဆိုးရွားသော ရာသိဥတု သဘာဝပတ်ဝန်း ကျင် ၌ ကွင်းပြင် အခြေအနေ တွင် စိုက်ပျိုးပါက မိုးများခြင်း၊ ရေကြီးရေဝပ်ခြင်းဒဏ်၊ ခြောက်သွေ့ဖိစီးမှုဒဏ်နှင့် ပိုးမွှားရောဂါ ကျရောက်မှုဒဏ် တို့ကြောင့် အထွက်နှုန်းနည်းခြင်း၊ အရည်အသွေးမမီသော ဟင်းသီးဟင်းရွက် များ ရရှိ၍ ဈေးကွက်မဝင်ခြင်း စသည်တို့ကို ကြုံတွေ့ရနိုင်ပါသည်။
အပင်ကြီးထွားဖွံ့ဖြိုးမှုဆိုသည်မှာ သဘာဝပတ်ဝန်းကျင်နှင့် မျိုးရိုးဗီဇတို့အကြား အပြန်အလှန် တုံ့ပြန်မှုမှ ရရှိစေခြင်းပင်ဖြစ်သည်။ မည်သည့်သဘာဝပတ်ဝန်းကျင် ဖိစီးမှုဒဏ် မဆို အပင်၏ ကြီးထွား ခြင်း နှင့် ဖွံ့ဖြိုးခြင်း ကို ထိခိုက်စေသော်လည်း ၎င်းတို့ဖြစ်ထွန်းနိုင်သည့် ရာသီတွင် ကောင်းမွန်စွာ ဖြစ်ထွန်းသည်။
သို့သော် သဘာဝပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်သည့် စိုက်ပျိုးရေးနည်းပညာသည် ဖိစီးမှုဒဏ် ကို ကျော်လွှား နိုင်သည်။ အမိုးအကာဖြင့် စိုက်ပျိုးခြင်း သည် သဘာဝ ပတ်ဝန်းကျင်ကိုထိန်းချုပ်နိုင်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းချုပ်ခြင်း ဆိုသည်မှာ သီးနှံလိုအပ်သော အပူချိန်၊ စိုထိုင်းဆ၊ အလင်း ရောင်နှင့် အခြား လိုအပ်ချက်များ ကို ထိန်းညှိ ပေးနိုင်သည်။ ထို့ကြောင့်အရည်အသွေးကောင်းမွန် သော ဟင်းသီး ဟင်းရွက်များကို နေရာမရွေး၊ ရာသီမရွေး တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။အမိုးအကာဖြင့် စိုက်ပျိုးခြင်းသည် ရာသီဥတု ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်ပြီး စိုက်ပျိုးရာသီ မဟုတ်သောအချိန်များ နှင့် ဆိုးရွားသောရာသီဥတုတွင်လည်း ဟင်းသီးဟင်းရွက် များ ကို စိုက်ပျိုးနိုင်သော ကြောင့် ဝင်ငွေပိုရရှိ၍ အကျိုးအမြတ်များစွာ ရရှိနိုင်သည်။ ပိုးမွှားရောဂါနှင့် ပေါင်းပင်များကို အလွယ်တကူ ထိန်းချုပ် နိုင်၍ အရည်အသွေး ပြည့်မီသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုး ထုတ်လုပ် နိုင်ပါသည်။
ထို့ကြောင့် Polyhouse အမိုးအကာဖြင့် စိုက်ပျိုးခြင်းသည် စားသုံးမှုလုံခြုံစိတ်ချရ၍ ဘေးအန္တရာယ် ကင်းရှင်းသော၊ အာဟာရပြည့်ဝပြီး ကျန်းမာရေး နှင့် ညီညွတ်သော ဟင်းသီးဟင်းရွက်များ စိုက်ပျိုး နိုင်သည့်အပြင် တစ်နှစ်ပတ်လုံး စိုက်ပျိုး ထုတ်လုပ်နိုင်သော ကြောင့် ဈေးကွက် တွင် အကျိုးအမြတ် ရရှိနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိစေနိုင်ပါ ကြောင်း ဗဟုသုတဖြစ်ဖွယ်မျှဝေအပ်ပါသည်။