စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်း(ရုံးချုပ်)တွင် စီမံနှင့်ငွေစာရင်း မွမ်းမံသင်တန်း ဖွင့်လှစ်ခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ရေဆင်း(ရုံးချုပ်)ရှိ စုဝေးခန်းမတွင် အထောက်အကူပြု ဝန်ထမ်းများအတွက် စီမံနှင့်ငွေစာရင်း မွမ်းမံသင်တန်းအား၂၀၂၃ခုနှစ် ဇွန်လ(၁၄)ရက် နေ့ကဖွင့် လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းအား စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနအောက်ရှိ ဌာနစုများနှင့်နယ်သုတေသနခြံများတွင် တာဝန်ထမ်းဆောင်လျက် ရှိသော စာရင်းကိုင်၊စာရင်းစစ်ဝန်ထမ်းများ၊ စာရေးဝန်ထမ်းများအား စီမံခန့်ခွဲရေးနှင့် ငွေစာရင်း လုပ်ငန်းများကို ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ ဖွင့်လှစ် ခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုး ရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်(နည်းပညာ) ဒေါက်တာမင်းစံသိန်း နှင့်ညွှန်ကြားရေးမှူးများ ၊ သုတေသနဌာနစု တာဝန်ခံများ သုတေသနခြံတာဝန်ခံများနှင့် ဒေသသုတေသန ဗဟိုဌာန တာဝန်ခံများ ၊သင်တန်း ဆရာများ နှင့်သင်တန်းသားများ တက်ရောက်ကြပါသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)မှ အဖွင့်အမှာစကားပြောကြားရာ ယခုသင်တန်းအား မိမိတို့၏ဌာန လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက်ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ မည်သည့် ပညာရပ်မဆို စဉ်ဆက်မပြတ်လေ့ကျင့်လာဆည်းပူးခြင်း နှင့် အလေ့အကျင့် သည် အရေးကြီးပါကြောင်း၊ ဉပမာ အနေဖြင့် ပြောရမည်ဆိုလျှင် အားကစားသမားတစ်ဦးသည် မိမိနှင့်သက်ဆိုင်သည့် အားကစားကို စနစ်တကျ အဆက်မပြတ် လေ့ကျင့် ရပါကြောင်း ထို့အတူ မိမိတို့ဝန်ထမ်းများသည်လည်း မိမိအဓိကထားဆောင်ရွက်ရသည့် လုပ်ငန်းအပေါ် စဉ်ဆက်မပြတ် ဆည်းပူးလေ့လာကာ မိမိ အလုပ်အား လေ့ကျင့်ကွင်းသဖွယ် ခံယူဆောင် ရွက်မည်ဆိုပါက မိမိတို့တာဝန်ယူရသည့် အပိုင်းတွင် အရည်အချင်းပြည့်ဝ၍ ထူးချွန် ထက်မြက်သည့် ဝန်ထမ်းများ ဖြစ်လာမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ ဌာနကြီး အောင်မြင်တိုးတက်ရေးအတွက် ဝန်ထမ်းတိုင်းက မိမိတို့ ကျရာ တာဝန်အသီးသီးတွင် အခန်းကဏ္ဍ အသီသီးအလိုက် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပါဝင် ဆောင်ရွက် သူအားလုံးက အများအကျိုးရှေးရှုသော မိမိပတ်ဝန်းကျင်အား မြှင့်တင်လိုသော စိတ်ထားဖြင့် မိမိတို့အပိုင်းတွင် အရည်အချင်းပြည့်ဝ၍ ထူးချွန်ထက်မြက် သူများ ဖြစ်လာအောင် တက်ညီလက်ညီ ကြိုးစား ကြမည်ဆိုပါက ပိုမိုတိုးတက် အောင်မြင်သည့် စိုက်ပျိုး ရေးကဏ္ဍကြီးအတွက် အားကိုးအား ထားပြုရသော သုတေသန ဌာနကြီး ဖြစ်လာ မည်ဖြစ်ပါ ကြောင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းအား ဇွန်လ ၁၄ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့ထိ (၃)ရက်တာ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး (ဌစ)အကြောင်း သိကောင်းစရာများအားလည်းကောင်း၊ Budget ရေးဆွဲနည်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ဘဏ္ဍာရေးစည်းမျဉ်း၊စည်းကမ်းများနှင့်စပ်လျဉ်း၍ လည်းကောင်း သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ် ပါသည်။