စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဥယျာဉ်ခြံသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက် သုတေသနဌာနစုတွင် မြေလွှာမဲ့စိုက်ပျိုးနည်းစနစ်တွင် အသုံးပြုသော အသင့်သုံးအာဟာရရည်များ ထုတ်လုပ်သည့်သုတေသနများဆောင်ရွက်လျက်ရှိခြင်း

6
4
3
2
၁
5
8
7
6 4 3 2 ၁ 5 8 7

စိုက်ပျိုးရေးသုတေသနဦးဌာန ဥယျာဉ်ခြံသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက် သုတေသဌာနစုတွင် စားသုံးမှုလုံခြုံစိတ်ချရ၍ အရည်အသွေးကောင်းမွန်သော ဟင်းသီးဟင်းရွက်များကို တစ်နှစ်ပတ်လုံး မြေလွှာမဲ့စိုက်ပျိုးနည်းဖြင့်စိုက်ပျိုး ထုတ်လုပ်လာ နိုင်စေရန်နှင့် မြေလွှာမဲ့စိုက်ပျိုးနည်းစနစ်တွင် အသုံးပြုသော အသင့်သုံးအာဟာရရည်များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍သုတေသနများ အား ၂၀၂၃-၂၀၂၄ မိုးရာသီတွင် ဆောင်ရွက် လျှက်ရှိပါသည်။

မြေလွှာမဲ့စိုက်ပျိုးနည်းစနစ်သည် သမာရိုးကျစိုက်ပျိုးနည်းစနစ်များဖြင့် နှိုင်းယှဉ်ပါက အရည်အသွေးကောင်းမွန်သော သီးနှံများထုတ်လုပ်ပေးနိုင်ပါသည်။ ဤနည်းစနစ်၏အားသာ ချက်များမှာသီးနှံအရည်အသွေးမြင့်မားခြင်းနှင့် အထွက်နှုန်းကောင်းမွန်ခြင်း၊ဓာတ်မြေသြဇာများ အသုံးပြုမှုနည်းသောကြောင့် ကုန်ကျစရိတ်နည်း၍ ရေနှင့်ဓာတ်မြေသြဇာများပိုမိုထိရောက်စွာ အသုံးပြုနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့ပါး စေခြင်း၊ လေထုညစ်ညမ်းမှုကိုပိုမို ထိန်းချုပ်နိုင်ပြီး ထိရောက်မှုရှိသည်။ မြေမဲ့စိုက်ပျိုးခြင်းတွင် အပင်၏သက်တမ်းနှင့်ရာသီဥတု အခြေအနေတို့ပေါ်မူတည်၍ အာဟာရရည်ပေးသွင်းရာ၌ စီမံဆောင်ရွက်ရာတွင်ပိုမို အဆင်ပြေ လွယ်ကူခြင်း၊ အရည်အသွေး နှင့် အထွက်နှုန်းကောင်းမွန်သည့် ဟင်းသီးဟင်းရွက်များ ရရှိနိုင် ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိစေနိုင်ပါသည်။                                                                                                                        မြေလွှာမဲ့စိုက်ပျိုးနည်းဖြင့်သီးနှံစိုက်ပျိုးထုတ်လုပ်မှုသည် မကြာသေးမီ နှစ်များအတွင်း ကမ္ဘာတစ်ဝှမ်းတွင် သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။ ရေနှင့်မြေသြဇာများကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်သည့်အပြင် ရာသီဥတုနှင့် ပိုးမွှားရောဂါကျရောက်မှုကို ထိန်းချုပ်နိုင်သည်။ ထို့ပြင် မြေလွှာမဲ့စိုက်ပျိုးနည်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုသည် သီးနှံ အရည်အသွေးနှင့် ကုန်ထုတ် စွမ်းအားကို တိုးတတ်မြင့်မားပြီး စီးပွားရေး၀င်ငွေများ မြင့်တတ် လာစေနိုင်ပါကြောင်း သတင်းမှတ်တမ်းတစ်ခုအဖြစ်ဖော်ပြအပ်ပါသည်။