စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနလုပ်ငန်းနှစ်ပတ်လည်ညိှနှိုင်း အစည်းအဝေး ကျင်းပ

vlcsnap-2023-06-10-14h49m14s555
vlcsnap-2023-06-10-14h52m59s725
vlcsnap-2023-06-10-14h52m13s102
vlcsnap-2023-06-10-14h47m08s338
vlcsnap-2023-06-10-14h44m54s575
vlcsnap-2023-06-10-14h48m59s524
vlcsnap-2023-06-10-14h57m15s199
vlcsnap-2023-06-10-14h55m33s803
vlcsnap-2023-06-10-14h55m11s627
vlcsnap-2023-06-10-15h01m22s021
vlcsnap-2023-06-10-15h03m28s176
vlcsnap-2023-06-10-15h02m50s272
vlcsnap-2023-06-10-15h06m53s705
vlcsnap-2023-06-10-15h14m01s542
vlcsnap-2023-06-10-15h18m14s036
vlcsnap-2023-06-10-15h10m20s507
vlcsnap-2023-06-10-15h22m05s179
vlcsnap-2023-06-10-15h23m29s936
vlcsnap-2023-06-10-14h49m14s555 vlcsnap-2023-06-10-14h52m59s725 vlcsnap-2023-06-10-14h52m13s102 vlcsnap-2023-06-10-14h47m08s338 vlcsnap-2023-06-10-14h44m54s575 vlcsnap-2023-06-10-14h48m59s524 vlcsnap-2023-06-10-14h57m15s199 vlcsnap-2023-06-10-14h55m33s803 vlcsnap-2023-06-10-14h55m11s627 vlcsnap-2023-06-10-15h01m22s021 vlcsnap-2023-06-10-15h03m28s176 vlcsnap-2023-06-10-15h02m50s272 vlcsnap-2023-06-10-15h06m53s705 vlcsnap-2023-06-10-15h14m01s542 vlcsnap-2023-06-10-15h18m14s036 vlcsnap-2023-06-10-15h10m20s507 vlcsnap-2023-06-10-15h22m05s179 vlcsnap-2023-06-10-15h23m29s936

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနလုပ်ငန်းနှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေးကိုယနေ့ နေပြည်တော် ဇေယျာသီရိ မြို့နယ် ရေဆင်းရှိစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးသို့ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊အရာထမ်းအမှုထမ်းများနှင့် တာဝန်ရှိသူများတက်ရောက်ကြြပီး မိုခါမုန် တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရန် ရခိုင်ပြည်နယ် တွင်ရောက်ရှိနေသော ဒုတိယဝန်ကြီးဒေါက်တာတင်ထဋ်က အွန်လိုင်းကတက်ရောက်သည်။

          အခမ်းအနားတွင် ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက စိုက်ပျိုးရေးနှင့် မွေးမြူရေး ကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်ရာတွင် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းသည် အခြေခံအချက်တစ်ချက်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့်ကာလတို၊ ကာလလတ်၊ကာလရှည် စီမံကိန်းများ ရေးဆွဲလျက် တောင်သူလယ်သမားများအတွက် သီးနှံမျိုးသစ်များ မွေးမြူထုတ်လုပ်ပွားများ ပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများဖော်ထုတ်ပေးခြင်း၊ တောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိုက်ပျိုးရေးဆိုင်ရာအခက်အခဲပြဿနာများ ဖြေရှင်းပေးခြင်း အစရှိသည့် သုတေသနပညာရပ်ဖြင့် လယ်ယာကဏ္ဍ ပြောင်းလဲတိုးတက်လာရေးကို ယခုထက်ပိုမိုအားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးဒေါက်တာတင်ထဋ်က သုတေသနရလဒ်များနှင့် တွေ့ရှိချက်များကို တောင်သူ့နယ်ပယ်၌ လက်တွေ့အသုံးချနိုင်ရေး၊တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် သုတေသနများဖြစ်ရေး၊တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက် မှုနှင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်အောင်မြင်စေရန် လယ်ယာထုတ်ကုန်များ ဈေးကွက်ဝင် စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးမြင့်မားသည့် တန်ဖိုးမြှင့် ထုတ်ကုန်များတိုးတက်ထုတ်လုပ်တင်ပို့နိုင်ရေး၊ သုတေသနရလဒ်များကိုအခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှုနည်းပညာကိုတောင်သူများထံ အရောက်ပေးပို့နိုင်ရေးနှင့် တောင်သူများ၏အခက်အခဲ လိုအပ်ချက်များနှင့် သုတေသန လုပ်ငန်းများကဖြေရှင်းပေးနိုင်ရန် တောင်သူများနှင့်သုတေသနပညာ ရှင်များအကြား စိုက်ပျိုးရေးဦးစီးဌာနက ပေါင်းကူးဆက်စပ်ဝန်ဆောင်မှုပေးရေးတို့နှင့် စပ်လျဉ်း၍ ပြောကြား သည်။

          ထို့နောက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်း များ၊ဒေသအလိုက် လုပ်ငန်းကွင်းအလိုက် ဆက်လက်ဆောင်ရွက်သွားမည့် သုတေသနနှင့်လက်တွေ့ အသုံးချ သုတေသနလုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊စိုက်ပျိုးရေးသု တေသနဦးစီးဌာန သုတေသနပညာရှင်များ ၊စိုက်ပျိုးရေး အထူးပြု ကုမ္ပဏီများမှ ကိုယ်စားလှယ် များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများကဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနကခင်းကျင်းပြသထားသည့် ပြခန်းများကိုကြည့်ရှု့အားပေး ခဲ့ကြသည်။