စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနလုပ်ငန်းနှစ်ပတ်လည်ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
၂၀၂၃ ခုနှစ် ဇွန်လ (၈)ရက် နံနက်ပိုင်းက စိုက်ပျိုးရေး သုတေသနဦးစီးဌာန ၏ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း သုတေသန လုပ်ငန်းတွေ့ရှိချက်များ တင်ပြဆွေးနွေးခြင်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင်ဆောင်ရွက်မည့် စီမံချက် များကိုဆွေးနွေးရန် သုတေသနလုပ်ငန်းနှစ်ပတ်လည်ညှိနှိုင်းအစည်း တစ်ရပ် ကို စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ နဝရတ်ခမ်းမတွင် ပထမရက် အဖြစ် စတင်ကျင်းပခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါက်တာ မင်းစံသိန်းနှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနဌာနစုတာဝန်ခံ များနှင့် သုတေသနခြံတာဝန်ခံများ၊ ဒေသသုတေသန ဗဟိုဌာန တာဝန်ခံများ၊ သုတေသနစခန်း တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ လမ်းညွှန်အမှာစကား ပြောကြားရာ မိမိတို့အနေဖြင့် မိမိတို့၏စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ အစဉ်အလာ ကောင်းများကို ထိန်းသိမ်း ရန်လို အပ် ပါကြောင်း၊ မိမိတာဝန် ယူဆောင်ရွက်ရသည့် မိမိလုပ်ငန်းအပေါ် တန်ဖိုးထား၊ ဂုဏ်ယူတတ်စေရန်၊ စေတနာထားတတ်ရန်လိုအပ်ပါကြောင်း၊ သုတေ သနပညာရှင်အဖြစ် မှတ်ကျောက်တင်ခံနိုင်စေရန် စာတမ်း ရေးသားနိုင်မှု ဘွဲ့လွန်ပညာရှင်များ မွေးထုတ်ပေး နိုင်မှု ၊ သုတေသနအရေအတွက်ထက် အရည်အသွေး ကို ဦးစားပေး စဉ်းစားဆောင်ရွက် ကြရန်နှင့် နည်းပညာ စွမ်းဆောင်ရည်များလိုအပ်သလို စီမံခန့်ခွဲမှု၊ စည်းရုံးရေး စွမ်းရည် စသည့် ခေါင်းဆောင်မှု အရည်အသွေး များလည်း လိုအပ်ပါကြောင်း၊ရာသီဉတု ပြောင်းလဲလာမှုအား အန်တုနိုင်ရန် ရေရရှိနိုင်သည့် အရင်းအမြစ် များမှ ရေအကျိုးရှိစွာထုတ်ယူသုံးစွဲနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သင့်တော်သည့် သီးနှံ ပုံစံများ၊ ရာသီ ဉတုနှင့် သင့်တော်သည့် သက်တမ်း တိုမျိုးများအသုံးပြု စိုက်ပျိုးရန် လိုအပ်ပါ ကြောင်း၊ လုပ်ငန်းခွင်မှ မိမိတို့ ၏ ပညာရေး အခွင့်အလမ်းများဖော်ဆောင်ပေးသလို လူမှုဘဝဖွံ့ဖြိုး တိုးတက်မှု အပေါ် ပံ့ပိုးကူညီမှုများစွာရှိခဲ့ခြင်းကြောင့် ဌာနအပေါ်သစ္စာစောင့်သိရန်လိုအပ်ပါကြောင်း၊ မိမိတို့အား ဌာနမှ ပံ့ပိုးပေးထား သည့် ခံစားခွင့်များ ကိုလည်း သိရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့သုတေသန များဆောင်ရွက်ရန် လိုအပ်သည့် ရန်ပုံငွေရရှိရေး အတွက် ပြည်တွင်းပြည်ပ ပူပေါင်းဆောင်ရွက်မှု မှတဆင့် ငွေကြေးအရင်းအမြစ်များ ရှာဖွေရန် လိုအပ်ပါကြောင်း၊
သုတေသန လုပ်ငန်းများဆောင်ရွက်ရာတွင်ကျစ် ကျစ်လျစ်လျစ်နှင့် ခိုင်မာစွာဖြင့် ထိရောက် ပီပြင်စွာ ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ခေတ်နှင့် ညီသည့် ဆန်းသစ်သည့် သုတေသနလုပ်ငန်းများ အားလည်း ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ခေတ်မှီနည်း ပညာအသုံးပြု၍ သုတေသနများ ဆောင်ရွက်နိုင်ရေး Agriculture 4.0 ဖြစ်လာစေရေး ကြိုးစားကြစေရန်၊ မိမိကိုယ်ကိုကောင်းမွန်သည့် Personal branding တည်ဆောက်နိုင်စေရန်၊ စည်းစနစ်၊ မူဘောင်များနှင့် အညီ စည်းကမ်း လိုက်နာ၍ ငွေကြေး သုံးစွဲခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေထိုင်တတ်ရန်လိုအပ်ပါကြောင်း၊ မိမိ တို့အနေဖြင့် အောင်မြင်သည့် ရလာဒ်များရရှိစေရေး ပြောင်းလဲသင့်သည့် အတွေး အခေါ်များအား ပြောင်းလဲ သွားရန်လိုအပ်ပါကြောင်း ၊ ထို့အတူ မိမိတို့သိရှိ သည်များအား အခြားသူများထံ မျှဝေ ပေးခြင်းဖြင့် အပြန်အလှန် လောကကို အလှဆင်ရာ ရောက်ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ဌာနခွဲများအလိုက် သုတေသနတွေ့ရှိချက်များအားတင်ပြကြရာ ပထမနေ့ အစီအစဉ်အရ စပါးသီးနှံ သုတေသနဌာနခွဲမှလည်းကောင်း၊ ယာသီးနှံ (Field Crops) သုတေသနဌာနခွဲမှလည်းကောင်း၊ စက်မှုသီးနှံ နှင့် နှစ်ရှည်ပင်များသုတေသနဌာနခွဲမှလည်းကောင်း၊ ဥယျာဉ်ခြံသီးနှံသုတေသနဌာနခွဲမှလည်းကောင်း ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း သုတေသန လုပ်ငန်းတွေ့ရှိချက်များနှင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်ရွက်မည့် စီမံချက်များအား အသီးသီးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခြင်း၊ လမ်းညွှန် မှာကြား ခြင်းများ ပြုလုပ်ပေးခဲ့ပါကြောင်း တင်းမှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။