စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် အတွက် ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း နှင့် ပညာရေးငွေပဒေသာပင် စိုက်ထူခြင်းအခမ်းအနား ကျင်းပခြင်း

huyjh
ik,8iuy
nhn tfvy
juhthyj
ioio
bnhjyht
rgy6tu
ol9op
t6gyut7j
ujuuiu
yhy
yhjntg
နမါ်အမ
huyjh ik,8iuy nhn tfvy juhthyj ioio bnhjyht rgy6tu ol9op t6gyut7j ujuuiu yhy yhjntg နမါ်အမ

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရှိ နဝရတ်ခန်းမ တွင် ၂၀၂၃ခုနှစ် ဇွန်လ(၂)ရက်နေ့ ၌ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် အတွက် ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း နှင့် ပညာရေးငွေပဒေသာပင် စိုက်ထူခြင်းအခမ်းအနား တစ်ရပ်အား ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)ဒေါက်တာ မင်းစံသိန်းနှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနဌာနစုများမှ တာဝန်ခံများ၊ သုတေသနခြံတာဝန်ခံများ၊ ဝန်ထမ်းကျောင်းသားမိဘများ၊ ဝန်ထမ်းသားသမီး ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြပါသည်။

ရှေးဦးစွာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ အဖွင့် အမှာစကား ပြောကြားရာ ယနေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရုံးချုပ်တွင်သာ မက တိုင်းနှင့် ပြည်နယ်အသီးသီးရှိ မိမိတို့၏စိုက်ပျိုးရေးသုတေသနခြံများတွင်လည်း ဝန်ထမ်းသား သမီးကျောင်းသား ကျောင်းသူများအား ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် အတွက် ပညာသင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းများ အားတက်သရော ဆောင်ရွက်နေ ကြပါကြောင်း၊ ဝန်ထမ်းသားသမီးများ၏ပညာရေးကို အားပေးသည့်အနေဖြင့် ဝန်ထမ်းသားသမီးများ ပညာသင်ကြားရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကျောင်းဝတ်စုံ၊ စာအုပ်၊ခဲတံ၊ ဘောပင် စသဖြင့် ကျောင်းသုံးပစ္စည်းများအား ထောက်ပံ့ ပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ထမ်းသားသမီး၊ရင်သွေးများအား ပညာသင်ကြားပေးခြင်းဖြင့် အသိညဏ် အတွေးအခေါ် ရှင်သန်၍ မှန်ကန်သော လမ်းကြောင်းတွင်လျှောက်လှမ်းရန် များစွာအထောက်အကူ ပြုကာ နောင်တချိန်တွင် ဘွဲ့ဒီဂရီအလိုက်နှစ်သက်ရာ လုပ်ငန်း ခွင်များတွင် နိုင်ငံတော်အတွက်၊ အများအတွက် အားကိုး အားထား ပြုရမည့် အရေးပါသည့်သူများဖြစ်လာမည်ဖြစ်ပါကြောင်းနှင့် အခက်အခဲရှိသည့် ဝန်ထမ်း သားသမီးများအား ပံ့ပိုးကူညီပေးနိုင်ရေးအတွက် မိမိတို့အနေဖြင့် ပညာရေးငွေပဒေသာပင် တစ်ခုအား စိုက်ထူသွား မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ဝန်ထမ်းသားသမီးများအား ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခဲ့ရာ စီမံခန့်ခွဲရေး၊ငွေစာရင်း၊ စီမံကိန်းနှင့်လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ၊စက်မှုသီးနှံနှင့်နှစ်ရှည်ပင်များသုတေသနဌာနခွဲ၊ ဉယျာဉ်ခြံသီးနှံသုတေသနဌာနခွဲ၊ စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များသုတေသနဌာနခွဲ၊ ယာသီးနှံ သုတေနဌာနခွဲ၊ စိုက်ပျိုးစီးပွား၊စိုက်ပျိုးမွေးမြူရေး စနစ်နှင့် နည်းပညာသုတေသနပြန့်ပွားရေး သုတေသန ဌာနခွဲ၊ မျိုးစေ့ဘဏ်၊ဇီဝနည်းပညာနှင့် သီးနှံကာကွယ်ရေးသုတေသနဌာနခွဲ၊ ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ၊ စပါးသီးနှံသုတေသနဌာနခွဲ စသည့် ဌာနခွဲအသီးသီးမှ ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများမှ ကျောင်းအသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ခဲ့ပါသည်။ ယခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနဝန်ထမ်းသားသမီးများအတွက် ထောက်ပံ့ခဲ့သည့် ကျောင်းအသုံး အဆောင်ပစ္စည်း တန်ဖိုး မှာ ကျပ်သိန်း(၄၀)ဝန်းကျင် ဖိုးရှိကြောင်းသိရှိရပါသည်။

ဆက်လက်၍စိုက်ပျိုးရေးသုတေသနဦးစီးဌာနပညာရေးငွေပဒေသာပင် စိုက်ထူရန် အတွက် စိုက်ပျိုးရေး သုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ မတည်ငွေ(၁၀)သိန်း ကျပ်အား ကော်မတီ အဖွဲ့သို့လှူဒါန်းပြီး ညွှန်ကြားရေးမှူးများနှင့်‌ေစတနာရှင်များမှ ပါဝင်လှူဒါန်းကြရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာနပညာရေးငွေပဒေသာပင်အတွက် စုစုပေါင်းအလှူငွေ ၃၂သိန်း၆သောင်း ကျပ်ရရှိခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။