စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၏ စိုက်ပျိုးရေးသုတေသနခြံများတွင် ၂၀၂၃-၂၀၂၄ ပညာ သင် နှစ် ဝန်ထမ်း သားသမီး ကျောင်းသား၊ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများ ပေးအပ်ခြင်း
၂၀၂၃-၂၀၂၄ ပညာရေးနှစ်တွင် ပညာသင်ကြားကြမည့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများ အတွက် ကျောင်းသုံး ပစ္စည်းများထောက်ပံ့သည့် အခမ်းအနားများအား စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ခြံများဖြစ်သည့်ကျိုင်းတုံစိုက်ပျိုးရေးသုတေသနခြံ၊ နောင်မွန် စိုက်ပျိုးရေးသုတေသနခြံ၊ကျောက်ဆည်စိုက်ပျိုးရေးသုတေသနခြံ၊ ကျောက်တံတားစိုက်ပျိုးရေး သုတေသနခြံ၊ ပိုးစာနှင့် ပိုးချည်မျှင် သုတေသန ဌာနစိတ် တို့တွင် ၂၀၂၃ခုနှစ် ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်း တွင် အသီးသီး ကျင်းပခဲ့ကြပါသည်။
ထိုသို့ကျင်းပခဲ့ရာ ကျိုင်းတုံခြံတွင် ဝန်ထမ်း သား၊ သမီး အလယ်တန်း(၁)ဦး မူလတန်း(၁)ဦး တို့အား လည်း ကောင်း၊၊ နောင်မွန်စိုက်ပျိုးရေးသုတေသနခြံတွင် ဝန်ထမ်းသားသမီး (၄)ဦးနှင့် နေ့စားလုပ်သား သားသမီး (၂)ဦးတို့အားလည်းကောင်း၊ ကျောက်တံတားခြံတွင် ဝန်ထမ်းသားသမီး တက္ကသိုလ်ပထမနှစ်(၁)ဦး၊ အလယ် တန်း(၂)ဦး၊ နေ့စားလုပ်သား များ၏ သားသမီးမူလတန်း(၃)ဦး၊ အလယ်တန်း(၁)ဦးတို့အားလည်းကောင်း၊ကျောက် ဆည်ခြံတွင် ဝန်ထမ်းသားသမီးအထက်တန်း (၂)ဉီးအလယ်တန်း (၁)ဉီး တို့အား လည်းကောင်း၊ ပိုးစာနှင့် ပိုးချည်မျှင် သုတေသန ဌာနစိတ်တွင် ဝန်ထမ်းသားသမီး မူလတန်း(၁)ဦး၊ အလယ်တန်း(၁)ဦး တို့အားလည်းကောင်း ကျောင်းအသုံးအဆောင်များ အသီးသီးထောက်ပံ့ခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။