စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ခြံများတွင်၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် တက်ရောက် ကြမည့်ဝန်ထမ်းသားသမီးကျောင်းသားကျောင်းသူများအား‌ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း

gkmihumil
nhgju
humj78
h5ru8ytjum6
htfbjuyf
uy7ji8kot7
gkmihumil nhgju humj78 h5ru8ytjum6 htfbjuyf uy7ji8kot7

၂၀၂၃-၂၀၂၄ ပညာရေးနှစ်တွင် ပညာသင်ကြားကြမည့် ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများထောက်ပံ့သည့် အခမ်းအနားများအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ခြံများဖြစ်သည့် ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၊စီပင်စိုက်ပျိုးရေးသုတေသနခြံ၊ မြစ်သားစိုက်ပျိုးရေးသုတေသခြံ၊ ဒေသသုတေသနဗဟိုဌာန(အောင်ပန်း)၊ တာယောစိုက်ပျိုးရေးသုတေသနခြံ တို့တွင် ၂၀၂၃ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် အသီးသီးကျင်းပခဲ့ကြပါသည်။

ထိုသို့ကျင်းပခဲ့ရာ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)တွင် မူလတန်းအဆင့် ကျောင်းသား(၁၅) ဦး၊ အလယ်တန်းအဆင့်ကျောင်းသား(၅ )ဦး စုစုပေါင်း (၂၂)ဦးတို့အားလည်း ကောင်း ၊စီပင်စိုက်ပျိုးရေးသုတေသနခြံတွင် အလယ်တန်းအဆင့်ကျောင်းသား ၃ဦး၊ မူလတန်း အဆင့်ကျောင်းသား၄ဉီး စုစုပေါင်း(၇)ဦးအားလည်း ကောင်း၊မြစ်သားစိုက်ပျိုးရေးသုတေသနခြံ တွင် ဝန်ထမ်း သားသမီး (၃)ဦး၊နေ့စားဝန်ထမ်း သား သမီး(၃)ဦးစုစုပေါင်း (၆)ဦးအား လည်း ကောင်း၊ ဒေသသုတေသနဗဟိုဌာန(အောင်ပန်း)တွင် ဝန်ထမ်းသားသမီး မူလတန်းအဆင့် ကျောင်းသား ( ၅)ဦး၊အလယ်တန်းအဆင့် ကျောင်းသား(၃)ဦး၊အထက်တန်းအဆင့်ကျောင်းသား (၅)ဦး စုစုပေါင်း(၁၃)ဦးအားလည်းကောင်း၊တာယောစိုက်ပျိုးရေးသုတေသနခြံတွင် ဝန်ထမ်း သားသမီး  မူလတန်းအဆင့်ကျောင်းသား(၂ )ဦး၊အလယ်တန်းအဆင့် ကျောင်းသား(၂) ဦး၊ အထက်တန်းအဆင့်ကျောင်းသား(၁)ဦး စုစုပေါင်း(၅)ဦးအားလည်း ကောင်းကျောင်း အသုံး အဆောင်များ အသီးသီးထောက်ပံ့ခဲ့ကြပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။