စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် အခြားဦးစီးဌာနများ ပူးပေါင်းဆောင်ရွက် သည့် လုပ်ငန်း များ ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးခြင်း
၂၀၂၃ခုနှစ်မေလ(၃၀)ရက်နေ့ က စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမတွင် စိုက်ပျိုး ရေးသုတေသနဦးစီးဌာန နှင့် အခြားဦးစီးဌာနများ ပူးပေါင်းဆောင်ရွက် သည့် လုပ်ငန်း များ ညှိနှိုင်း ဆောင်ရွက် ရန် ဆွေးနွေး ခြင်းအားဆောင်ရွက်ခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)နှင့်ညွှန်ကြားရေးမှူးများ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနအောက်ရှိ သုတေသနဌာနစုများ၊ ဒေသ သုတေသန ဗဟိုဌာန(RRC) များ ၊ သုတေသနခြံ၊ သုတေသနစခန်း များမှတာဝန်ခံ များ တက် ရောက် ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ မိမိတို့ ၏ စိုက်ပျိုးရေး သုတေသနဦးစီးဌာနအနေဖြင့် ရရှိလာသည့် သုတေသနရလဒ်များအား တောင်သူများထံ ရောက်ရှိရန် အတွက် တောင်သူအခြေပြုသုတေသနများဆောင်ရွက်ခြင်း၊ ကွင်းသရုပ်ပြပွဲများ ဆာင်ရွက်ခြင်း၊ တောင်သူ့ စိုက်ကွင်းတွင် သရုပ်ပြစိုက်ပျိုးပြသခြင်း၊ လူထုဆက်သွယ် ရေး မီဒီယာများ မှတဆင့် မျိုး၊ နည်းပညာတို့နှင့် ဆိုင်သည့် နည်းပညာများမျှဝေပေးခြင်းတို့အား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါတွင် မိမိတို့စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ပိုမိုကျယ်ပြန့်လာပြီဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ အခြားဆက်စပ် ဌာနများဖြင့် လည်းကောင်း၊ ပုဂ္ဂလိက အဖွဲ့အစည်း များနှင့်လည်းကောင်း ပူးပေါင်း ဆောင်ရွက်ရေးတွင် ပြင်ဆင်ထား သင့်သည်များအား စနစ်တကျ ပြည့်ပြည့်စုံစုံပြင်ဆင်ထားရှိရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍စပါးသီးနှံသုတေသနဌာနခွဲ၊ အောက်ရှိ ခြံများနှင့်ဌာနစုများမှလည်းကောင်း၊ ယာသီးနှံသုတေသနဌာနခွဲအောက်ရှိခြံများနှင့်ဌာနစုများမှလည်းကောင်း ၊စိုက်ပျိုးရေးဆိုင်ရာ သဘာဝ အရင်း အမြစ်များ စီမံခန့်ခွဲရေး ဌာန ခွဲ အောက်မှ ဌာနစုများ မှလည်းကောင်း အခြားဦးစီးဌာနများ၊ တောင်သူ များနှင့် ပူးပေါင်းဆောင်ရွက် မည့် အစီအစဉ်များအား တင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များအား ဖြည့်စွက် လမ်းညွှန်ခြင်းများ ပြုလုပ်ခဲ့ကြပါ ကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ် ပါသည်။