ရေရှည်တည်မြဲသောစိုက်ပျိုးရေးဆိုင်ရာအာဆီယံလမ်းညွှန်ချက်များအကောင်အထည်ဖော်ရေး ဆောင်ရွက်မည့်အစီအစဉ်များဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့မြန်မာနိုင်ငံစိုက်ပျိုးရေးမွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှကိုယ်စားလှယ်များ တက်ရောက် ခြင်း
စိုက်ပျိုးရေးသည် အာဆီယံနိုင်ငံ အများစု တွင်စားနပ်ရိက္ခာနှင့်အဟာရဖူလုံရေး အလုပ်အကိုင် ရရှိရေးနှင့်ဝင်ငွေအတွက်အရေးပါလျက်ရှိနေပါသည်။ ရေရှည်တည်မြဲသော စိုက်ပျိုးရေးဆိုင်ရာအာဆီယံလမ်းညွှန်ချက်များ၊ အကောင်အထည်ဖော်ရေးပူးပေါင်း ဆောင်ရွက် ခြင်းဖြင့်ဒေသအတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးဆိုင်ရာအထောက်အကူပြု မည် ဖြစ်ပါသည် ။
၂၀၂၃ခုနှစ်မေလ (၃၀)ရက်နှင့်(၃၁)ရက်များတွင်အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ရေရှည်တည်မြဲသော စိုက်ပျိုးရေးဆိုင်ရာ အာဆီယံလမ်းညွှန်ချက်များအကောင်အထည်ဖော်ရေး ဆောင်ရွက်မည့်အစီအစဉ်များဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကိုကျင်းပခဲ့ရာအဆိုပါဆွေးနွေးပွဲသို့မြန်မာနိုင်ငံစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စိုက်ပျိုး ရေးသုတေသနဦးစီး ဌာနမှကိုယ်စားလှယ်အဖြစ်ညွှန်ကြားရေးမှူးဒေါ်ခိုင်ခိုင်ထွေးနှင့်အဖွဲ့မှတက်ရောက်ခဲ့ကြပြီမြန်မာနိုင်ငံ၏လက်ရှိဆောင်ရွက်နေသည့် sustainable and circular agriculture ဆိုင်ရာ မူဝါဒများ၊ဆောင်ရွက်နေသည့်အစီအစဉ်များနှင့်ဆက်စပ်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် များနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကိုတင်ပြဆွေးနွေးခဲ့ကြပါသည်။