စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် တာယောစိုက်ပျိုးရေးသုတေသနခြံ၏ လယ်စပါး၊ ပဲပုပ်၊ နေကြာ သုတေသနလုပ်ငန်းများနှင့် ဒေသနှင့်ကိုက်ညီသော သီးနှံပုံစံဖော်ထုတ် လုပ်မှု လုပ်ငန်း များအား ကြည့်ရှုစစ်ဆေး
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် (၂၉.၅.၂၀၂၃ )ရက်နေ့ နံနက်ပိုင်းပိုင်းက ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ်ရှိ သီးနှံမျိုးစေ့ထုတ်ခြံများ၊ သုတေသနခြံများနှင့် စက်မှုလယ်ယာစခန်းများအား ကြည့်ရှု့ စစ်ဆေးခဲ့ ခဲ့ရာ တာယော စိုက်ပျိုးရေးသုတေသနခြံ၏ လယ်စပါး၊ ပဲပုပ်၊ နေကြာ သုတေသနလုပ်ငန်းများနှင့်ဒေသနှင့်ကိုက်ညီသော သီးနှံပုံစံဖော်ထုတ် ခြင်း လုပ်ငန်း များအား လည်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း တင်ပြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အထွက်နှုန်းကောင်း၊ အရည်အသွေး ကောင်း သီးနှံမျိုးများ ဖော်ထုတ်ပေးနိုင်ရေးနှင့် သုတေသနဖော်ထုတ် တွေ့ရှိချက်များကို ဆက်စပ် ဌာနများ တောင်သူများနှင့် ပူးပေါင်းပြီး လက်တွေ့ အသုံးချနည်းပညာဖြင့် ဖြန့်ဝေ ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။