စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းနောင် ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံတွင်ဆောင်ရွက်နေသည့်သုတေသနလုပ်ငန်းများအားကြည့်ရှု စစ်ဆေး

1.2
1.1
1.3
1.4
1.2 1.1 1.3 1.4

 

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် (၃၀.၅.၂၀၂၃)ရက် နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ်ရှိ သီးနှံမျိုး စေ့ထုတ်ခြံများ၊ သုတေသနခြံများနှင့် စက်မှုလယ်ယာစခန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမျိုးစေ့ဘဏ်၊ဇီဝနည်းပညာနှင့်သီးနှံကာကွယ်ရေးသုတေသနခွဲ ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်နေသည့် သုတေသနလုပ်ငန်းများအား လည်း ကြည့်ရှု့စစ်ဆေး ခဲ့ပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားခဲ့ကြောင်းသိရှိရပါသည်။