စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

တောင်သူပူးပေါင်းပါဝင်သော သဘာဝဝတ်မှုန်ကူးမျိုး ဆင်းရွှေကြာ-၂ မျိုးသန့်ထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်း

eftdyfhy
dtftyue
gnbijml,uy
ftbkjnfrtiv
Capture
eftdyfhy dtftyue gnbijml,uy ftbkjnfrtiv Capture

      နေကြာသီးနှံသည် ပင်ခြားဝတ်မှုန်ကူးသည့်သဘာဝရှိပါသည်။ သမရိုးကျစိုက်ပျိုး၍ စနစ်တကျမျိုး ရွေးချယ် ထိန်းသိမ်းခြင်းမပြုဘဲ ဆက်လက်စိုက်ပျိုးပါက ၃နှစ် မှ ၄ နှစ် အတွင်း မူလမျိုး၏ ကောင်းမွန်သော အရည်အချင်းများ တဖြည်းဖြည်းကျဆင်းလာ၍ မျိုးရိုးဗီဇ ပျက်ပြားလာခြင်း၊ အပင်အနိမ့်အမြင့် မညီညာခြင်း၊ ပန်းပွင့်ချိန်မညီခြင်းနှင့် ဘေးကိုင်း များထွက်၍ အပွင့်သေးလာခြင်း စသည့်တို့ဖြစ် ပေါ်လာပြီး အထွက်နှုန်းကို ထိခိုက်နိုင်ပါသည်။ နေကြာသီးနှံ မျိုးကောင်းမျိုးသန့်များကို မျိုးရိုးဗီဇ မပျက်စေဘဲ ကောင်းမွန်သော အရည်အချင်း များ ဆက်လက်တည်ရှိနေစေရန် မျိုးသန့်ထိန်းသိမ်းရန် လိုအပ်ပါသည်။

         ထို့ကြောင့်လက်ရှိအသုံးပြုနေသည့် ဆင်းရွှေကြာ-၂ နေကြာမျိုးအား မူလဗီဇနှင့် အရည်အချင်း မပျက်ဘဲနှစ်စဉ်ထိန်းသိမ်းစိုက်ပျိုးသွားနိုင်ရန်ရည်ရွယ်၍ဆင်းရွှေကြာ-၂ နေကြာ မျိုးသန့် ထိန်းသိမ်းခြင်းလုပ်ငန်းအား ၂၀၂၃ ခုနှစ်၊ မိုးကြိုရာသီတွင်၊ နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ကြို့ပင်ကျေးရွာမှ တောင်သူ ဉီးညွန့်ရှိန် ၏ (၅.၀၀)ဧက စိုက်ကွက်တွင် စံပြစိုက်ပျိုး ဆောင်ရွက်လျက်ရှိကာ စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ စိုက်ပျိုးရေး ဉီးစီးဌာန၊ စက်မှုလယ်ယာဉီးစီးဌာန၊ ဆည်မြောင်းဉီးစီးဌာနတို့နှင့် တောင်သူကိုယ်တိုင် ပါဝင်ဆောင်ရွက်ပြီး ဒေသအကျိုးပြု သုတေသနလုပ်ငန်းအဖြစ် ပူးပေါင်း ဆောင်ရွက် လျက်ရှိ ကြောင်း သိရှိရပါသည်။

         ထိုသို့ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ယာသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ၏ ဦးဆောင်မှုဖြင့် နေကြာပညာရှင်များပါဝင်ကာ ဆင်းရွှေကြာ -၂ စိုက်ခင်းမှ ရောဂါကင်း၍ ပန်းပွင့်ချိန်နှင့် အပင်အမြင့်ညီသော အပင်များ တွင် ပင်စည်တုတ်ခိုင်သန်မာ၍ အဆစ်စိပ်သောအပင်များ ၊ အရွက်အရေအတွက်များ၍ အပေါ်ပိုင်း အရွက်ပိုများသော အပင်များစသည့် အပင်များအား ရွေးချယ်၍ အိတ်စွပ်ခြင်း၊ပန်းပွင့်ချိန်တွင် အိတ်စွပ်ထားသော အပင်များမှ ဝတ်မှုန်များ စုပေါင်းရယူပြီး ပြန်လည် ဝတ်မှုန် ကူးခြင်း လုပ်ငန်းကို လူဖြင့် ဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိကာ အဆိုပါဝတ်မှုန်ကူးခြင်းလုပ်ငန်း ကို ပန်းစပွင့်သည် မှ ပန်းတိတ်သည်အထိ နေ့စဉ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ရိတ်သိမ်း ချိန်တွင် ရွေးချယ်ဝတ်မှုန့် ကူးသည့် အပင်များကို သီးခြားစီရိတ်သိမ်းသွားမည်ဖြစ်ပါကြောင်း၊နှင့် အပွင့်ပုံစံနှင့် အစေ့ပုံစံတို့ကို စိစစ်ပြီးပါက ရိတ်ထားသော အပွင့်မှ ရရှိသော အစေ့များကို စုပေါင်းသိမ်းဆည်းမည်ဖြစ်ပါကြောင်း နှင့် အပွင့်(၃၀၀-၄၀၀) အတွင်း ရိတ်သိမ်းနိုင်မည်အဆိုပါက မျိုးစေ့(၁၂)ပြည်ခန့်ရရှိပြီး နောင်လာမည့် ရာသီတွင် မျိုးသန့်(၃.၀၀) ဧကစာ စိုက်ပျိုးရန် မျိုးစေ့အဖြစ် အသုံးပြုသွားမည် ဖြစ်ပါကြောင်းတို့ကိုသိ ရှိရပါသည်။

       ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ အနေဖြင့် လက်ရှိ အသုံးပြုနေသည့် နေကြာမျိုးကောင်းမျိုးသန့်များအား မူလဗီဇနှင့် အရည်အချင်း မပျက်ဘဲ နှစ်စဉ်ထိန်းသိမ်း စိုက်ပျိုးသွားနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့နှစ်စဉ် မျိုးသန့်ရွေးချယ် ထိန်းသိမ်း ခြင်းဖြင့် ရရှိလာသောမျိုးများကို စိုက်ပျိုးခြင်းဖြင့် ရောဂါကင်း၍ အပင်မြင့်ညီညာပြီး ပန်းပွင့်ချိန်ညီ သည့် အပွင့်များရရှိလာနိုင်မည်ဖြစ်ပြီး နေကြာအထွက် နှုန်းတိုး တက်မည် ဖြစ်ပါကြောင်း၊ တောင်သူများ ကိုယ်တိုင် မျိုးသန့်ထုတ်လုပ်နိုင်ခြင်းဖြင့် မျိုးစေ့ အခက်အခဲကို ဖြေရှင်းနိုင်ပြီး မျိုးကောင်းမျိုးသန့်များ ကို အချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ မျိုးကောင်း မျိုးသန့်များကို အသုံးပြု ခြင်းဖြင့် နေကြာအထွက်နှုန်းတိုးတက်လာပြီး ဆီထွက်သီးနှံထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံ ထုတ်လုပ် မှုတိုးတက်လာပါက မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးဆီဖူလုံရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုမည်ဖြစ်ပါကြောင်းတို့ကို တာဝန်ရှိသူတစ်ဦးမှပြောကြားပေးခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။