စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)သို့စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ လူငယ်သုတေသီများသွားရောက်လေ့လာခြင်း

dfhjbujhbu
mkjhh
juhkjhnyik
myhujitfy7
fyhbu88noi
Capture
thuyyu
rrtdtygfyh
ryhiktu
ngb6rtoiu
dfhjbujhbu mkjhh juhkjhnyik myhujitfy7 fyhbu88noi Capture thuyyu rrtdtygfyh ryhiktu ngb6rtoiu

၂၀၂၃ခုနှစ်မေလ(၁၉)ရက် က စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှလူငယ်သုတေသီများသည် နေပြည် တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ -၂ (MICC-II) တွင်ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) တွင် ခင်းကျင်းပြသထားသည့် ပြခန်းများသို့သွားရောက်လေ့လာခဲ့ ကြပါသည်။

ထိုသို့သွားရောက်လေ့လာခဲ့ရာ လူငယ်သုတေသီများ မှ “မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)”တွင် ပါဝင်ခင်းကျင်းပြသကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ် မှုဦးစီးဌာနတို့မှ ခင်းကျင်းပြသ ထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာလိုက်လံကြည့်ရှုလေ့လာခဲ့ကြပါသည်

“မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)” ကို မေလ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ ပညာရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာန ၁၁ခုတို့က စုပေါင်းကျင်းပသွားမည်ဖြစ်ရာ အဆိုပါညီလာခံတွင် နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွက်လာရေး၊ အနာဂတ်ပညာရေးနယ်ပယ်ကဏ္ဍများ အချိန်နှင့် တပြေးညီတိုးတက်စေရေးတို့အတွက် ရည်ရွယ်၍ စာတမ်းများဖတ်ကြားခြင်း၊ဆွေးနွေးကျင်းပခြင်းများဆောင်ရွက် သွားမည်ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)အား ကျင်းပရာတွင် (၁)ပညာရေးတန်းစဉ် ကူးပြောင်း မှု နည်းပါးခြင်းကို ကုစားနိုင်မည့်နည်းလမ်းရှာရန်၊(၂) KG+9 ပညာရေးကို အမျိုးသားရေး ကိစ္စ တစ်ရပ်အဖြစ်တိုင်းဒေသကြီး၊ ပြည်နည်အားလုံးကဆောင်ရွက်ရန်၊(၃) သက်မွေးဝမ်းကြောင်း အခြေခံရရှိရေးအတွက် Grade 10, Grade 11, Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ် များသင်ကြားရန်၊ (၄) လုပ်ငန်းခွင်လက်တွေ့အသုံးကျမည့်ပညာရပ်၊ ကျွမ်းကျင်မှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုသိပံ္ပကျောင်းများတွင် ထိရောက်စွာသင်ကြားပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်၊ (၅) အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက် အဝန်း အထောက်အကူပြုစေ မည့် ပတ်ဝန်းကျင်ဖြင့် သင်ကြားရန်၊ (၆) ဝိဇ္ဇာ၊သိပ္ပံ၊ နည်းပညာရှင်များ မွေးထုတ်ရန်တို့အပြင်လူငယ်လူရွယ်များမျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ ရှိလာစေရန် ရည်ရွယ်ချက်များထားရှိ ကာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။