စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက် တာ အောင်ကြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန ယာသီးနှံသုတေသနဌာနခွဲ ဒေသသုတေသနဗဟိုဌာန (မကွေး) သို့ သွားရောက်၍ သုတေသနဆောင်ရွက်နေမှုအခြေအနေ များ အားကြည့်ရှုစစ်ဆေး
၂၀၂၃ခုနှစ်ဧပြီ(၂၀)ရက်က စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက် တာ အောင်ကြီး ဦးဆောင်သည့် အဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ခြံတစ်ခြံဖြစ်သည့် ဒေသသုတေသနဗဟိုဌာန (မကွေး) သို့ သွားရောက်၍ သုတေသနဆောင်ရွက်နေမှုအခြေအနေ များ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ဒေသသုတေသနဗဟိုဌာန(မကွေး)တာဝန်ခံမှ ဒေသသုတေသနဗဟိုဌာန ၏ ရည်ရွယ်ချက်များ အားလည်းကောင်း၊ အဓိကသုတေသနပြုဆောင် ရွက်နေသော မြေပဲ ၊နှမ်း ၊ပဲတီစိမ်း ၊ ပဲစင်းငုံ ၊ပီလောပီနံ ၊ နှံစားပြောင်း ၊ဆပ် ၊ဝါ စသည့် သီးနှံ များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ၂၀၂၂-၂၀၂၃ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် သုတေသန၊ထုတ် လုပ်မှုနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်စပ်လျဉ်း ၍ လည်းကောင်းရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါတင်ပြချက်များအပေါ် ဒုတိယဝန်ကြီး မှ လိုအပ် ချက်များအားဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး ဒေသသုတေသနဗဟိုဌာန(မကွေး)၏ ဓာတ်ခွဲခန်း အသုံးပြု ပြင်ဆင်ထားရှိမှုများအားလိုက်လံကြည့်ရှု၍ သုတေသီများအား နွေးထွေးစွာအားပေးလမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။