စစ်တမ်းကောက်ယူခြင်းနှင့် သီးထပ်စိုက်စနစ် များဆိုင်ရာဆွေးနွေးပွဲပြုလုပ်ခြင်း
၂၀၂၃ခုနှစ် ဧပြီလ (၅)ရက် တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ခိုင်ခိုင်ထွေးဦးဆောင်သည့် စစ်တမ်းကောက်ယူရေးအဖွဲ့သည် မတ်ပဲသီးနှံပိုးမွှားရောဂါနှင့် အပင်သေပျောက်မှုဆိုင်ရာ အကြိုစစ်တမ်းကောက်ယူခြင်းနှင့် သီးထပ်စိုက်စနစ် များဆိုင်ရာဆွေးနွေးပွဲ များအား ဇမ္ဗူသီရိမြို့နယ်၊ ပုမ္ပသီရိမြို့နယ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ သီးထပ်စိုက်စနစ်ဆိုင်ရာ ဆွေးနွေးပွဲကိုဇမ္ဗူသီရိမြို့နယ်၊ ပုမ္ပသီရိမြို့နယ်စိုက်ပျိုးရေးရုံးများတွင်ပြုလုပ်ခဲ့ပြီးကိုးရွာ သပြေကုန်းနှင့်ညောင်ပင်ကြီးစုကျေးရွာများတွင်တောင်သူများနှင့်တွေ့ဆုံဆွေးနွေးကာ စစ်တမ်းကောက်ယူခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။