ပူးပေါင်းပါဝင်သော သီးနှံစိုက်ပျိုးရေးစနစ်နှင့်မတ်ပဲစိုက်ပျိုးရေးဆိုင်ရာပြသနာများ အဖြေရှာခြင်းလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိခြင်း
၂၀၂၃ခုနှစ် ဧပြီလ (၆)ရက် တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ခိုင်ခိုင်ထွေးဦးဆောင်သည့် ပိုးမွှား၊ရောဂါ နှင့်သီးနှံစိုက်စနစ်ဆိုင်ရာပ ညာရှင်များပါဝင်သည့် စစ်တမ်းကောက််ယူရေးအဖွဲ့သည် မတ်ပဲသီးနှံပိုးမွှားရောဂါနှင့် အပင်သေပျောက်မှုဆိုင်ရာ အကြိုစစ်တမ်းကောက်ယူခြင်းနှင့် သီးထပ်စိုက်စနစ် များဆိုင်ရာဆွေးနွေးပွဲ များအားလယ်ဝေးမြို့နယ်၊ဇေယျာသီရိမြို့နယ်ရုံးများတွင် ပြုလုပ်ခဲ့ပြီး သဲကောလေးကျေးရွာနှင့် အိုင်စောက်ကျေးရွာတို့တွင် မတ်ပဲစိုက် တောင်သူများနှင့်တွေ့ဆုံဆွေးနွေးကာ စစ်တမ်းကောက်ယူခြင်းများဆောင်ရွက်ခဲ့ကြပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။