ကွင်းသရုပ်ပြပွဲကျင်းပခြင်း
၂၀၂၃ခုနှစ်မတ်လ၁၇ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဟင်းသီးဟင်းရွက်သုတေသနဌာနစုတွင် မြေလွှာမဲ့စိုက်ပျိုးရေးတွင်အဟာရရည်များ၏သီးနှံကြီးထွားဖွံ့ဖြိုးမှုအထွက်နှုန်းနှင့်အဟာရအရည်အသွေးပါဝင်မှုအပေါ် အကျိုးသက်ရောက်မှုကိုလေ့လာသည့် သုတေသန၏ အောင်မြင်မှုရလဒ်များကိုပြသသည့်ကွင်းသရုပ်ပြပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါကွင်းသရုပ်ပြပွဲသို့စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ညွှန်ကြားရေးမှူးများသုတေသနဌာနအသီးသီးမှတာဝန်ရှိသူများတက်ရောက်ကြပါသည်။