ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံ တွင် ၁၁.၃.၂၀၂၃ ရက်နေ့၌ ပြောင်းအခြေပြု ပိုးမွှားရောဂါနှင့်ပေါင်းဘက်စုံကာကွယ်နှိမ်နင်းနည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်း
၂၀၂၃ ခုနှစ် မတ်လ ၁၁ရက်နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနထုံးဖိုစိုက်ပျိုးရေးသုတေသနခြံ၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဥယျာဥ်ခြံသီးနှံဌာနခွဲနှင့် စက်မှုသီးနှံနှင့်နှစ်ရှည်ပင်များသုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်သိန်းညွှန့်၊ သုတေသနအရာရှိဒေါ်၊ယဥ်ယဥ်သိမ့်၊ ဒေါက်တာနေနေဦးတို့သည် AFARCI PMP အထောက်အပံ့ဖြင့် ပြောင်းသီးနှံ ဘက်စုံပိုးမွှားရောဂါနှင့်ပေါင်းမြက်နှိမ်နင်းနည်းပညာသင်တန်းအားပို့ချပေးခဲ့ပါသည်။အခမ်းအနားကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှဒေါက်တာခင်သိန်းညွှန့်နှင့် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်းမှအဖွင့်အမှာစကားပြောကြားဖွင့်လှစ်ခဲ့ပြီး၊ တောင်ကြီးစိုက်ပျိုးရေးဦးစီးဌာနမြိုနယ်ဦးစီးမှူးဦးအောင်ကျော်ဝင်းနှင့်ဌာနဆိုင်ရာအကြီးကဲများ၊စိုက်ပျိုးရေးသုတေသနဦးစီးဌာန အောင်ပန်း RRCနှင့်တာယောသုတေသနခြံများမှ တာဝန်ခံနှင့်ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်းလူဦးရေ ၅၀ တက်ရောက်ပြီးစိတ်ပါဝင်စားစွာ လေ့လာဆွေးနွေးခဲ့ကြပါသည်။