စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံတွင် လက်တွေ့အသုံးချ Tissue Culture နည်းပညာအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

viber_image_2023-03-16_10-26-28-503
viber_image_2023-03-16_10-27-10-269
viber_image_2023-03-16_10-26-57-443
viber_image_2023-03-16_10-26-43-736
viber_image_2023-03-16_10-27-37-254
viber_image_2023-03-16_10-27-25-729
viber_image_2023-03-16_10-26-28-503 viber_image_2023-03-16_10-27-10-269 viber_image_2023-03-16_10-26-57-443 viber_image_2023-03-16_10-26-43-736 viber_image_2023-03-16_10-27-37-254 viber_image_2023-03-16_10-27-25-729

စိုက်ပျိုးထုတ်လုပ်သူ တောင်သူတို့အတွက် ရေရှည်အကျိုးရှိစေရန်နှင့် နည်းပညာစိတ်ဝင်စား သူတို့လက်တွေ့ကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လက်တွေ့အသုံးချ တစ်သျှူးကားချား နည်းပညာအလုပ်ရုံ ဆွေးနွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာကွယ်ရေးသုတေသန ဌာနခွဲ လက်အောက်ရှိ ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံတွင် (၃.၃.၂၀၂၃)ရက်နေ့ သောကြာနေ့၌ Covid 19 စည်းမျဉ်းစည်းကမ်းများနှင့်အညီကျင်းပဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးချိုနိုင်ထွန်းနှင့်အဖွဲ့၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တောင်ကြီးတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာနီလာနှင့်အဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဟဲဟိုးဥယျာဉ်ခြံတာဝန်ခံ ဒေါ်မြင့်မြင့်သန်း နှင့်အဖွဲ့၊ ဟဲဟိုးမျိုးသန့်ခြံတာဝန်ခံ ဒေါ်သီတာစိန်နှင့်အဖွဲ့၊ ဒေသသုတေသနဗဟိုဌာနစု(အောင်ပန်း)  ခြံတာဝန်ခံ ဒေါက်တာဝင်းဝင်းနွယ်၊ တာယောစိုက်ပျိုးရေးသုတေသနခြံတာဝန်ခံ ဦးလှဦးနှင့်အဖွဲ့၊ ဟဲဟိုး Potato ဥက္ကဌ ဦးအောင်သန်းကျော်နှင့်အဖွဲ့၊ နောင်တရားအာလူးအစုအဖွဲ့ တောင်သူဥက္ကဌ ဦးခွန်ဆန်းဦးနှင့်အဖွဲ့၊ ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံမှ ဝန်ထမ်းများ စုစုပေါင်းလူဦးရေ (၅၀)ဦး တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပါမောက္ခဌာနမှူးဒေါက်တာနီလာမှ ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံနှင့် သုတေသန ပူးပေါင်းဆောင်ရွက်ရခြင်း၏ ရရှိသောအကျိုးကျေးဇူးများကို ပြောကြားခဲ့ပါသည်။ ထို့နောက် ခြံတာဝန်ခံ ဒေါ်ခိုင်ခိုင်ဦးမှအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ထုံးဖိုစိုက်ပျိုးရေး သုတေသနခြံတွင် ဆောင်ရွက်လျက်ရှိသော Program, project များအလိုက်ဆောင်ရွက် လျက်ရှိသော သုတေသနများ၊ Tissue Culture သုတေသနများ၊ သုတေသနပူးပေါင်း ဆောင်ရွက်မှု များ ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံ မှ လက်ထောက် သုတေသနအရာရှိ ဒေါ်နန္ဒာအိလှိုင်မှ ချင်းတစ်သျှူးကားချား သုတေသန အကြောင်း ကိုလည်းကောင်း၊ တောင်ကြီးတက္ကသိုလ်မှ သရုပ်ပြဒေါ်နန်းအေးနုယဉ် မှ အာလူးတစ်သျှူးကားချား သုတေသန အကြောင်းကိုလည်းကောင်း၊ တောင်ကြီး တက္ကသိုလ်မှ သရုပ်ပြဒေါ်တင့်အိမ်စည်ဖူးမှ စတော်ဘယ်ရီ တစ်သျှူးကားချားသုတေသနအကြောင်းကို လည်းကောင်း၊ တောင်ကြီးတက္ကသိုလ်မှ မဟာသိပ္ပံကျောင်းသူ မသရဖီဦးမှ ဆေးဖက်ဝင်သစ်ခွ Seed Culture သုတေသနတို့ကို လည်းကောင်း၊  နောင်တရားအာလူးအစုအဖွဲ့ကိုယ်စား အာလူးတစ်သျှူး ကားချား နည်းပညာကို ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံတွင် စာတွေ့လက်တွေ့ သင်တန်းတက်ရောက်နေသော ခွန်ဗွေမင်းလေးမှ လက်ရှိလေ့လာ ရရှိမှုအားလည်းကောင်း  Power Point Slide များဖြင့် အသီးသီး တင်ပြဆွေးနွေးခဲ့ကြပါသည်။

 ထို့နောက် တက်ရောက်လာကြသူ ဦးအောင်သန်းကျော်မှ ချင်း၊ အာလူးတစ်သျှုးကားချား သည်လက်တွေ့စိုက်ပျိုးထုတ်လုပ်မှုတွင် မဖြစ်မနေအရေးပါပြီး ယခုအခါ ချင်းစိုက်ခင်းများတွင် ရောဂါများကျရောက်ခြင်းအတွက် ကျဆင်းလာခြင်းတို့ကြောင့် နိုင်ငံခြားပို့ရန် အဆင်မပြေခြင်း၊ ဈေးကောင်း မရခြင်း၊ ချင်းမျိုးများကိုဈေးကြီးစွာပေးဝယ်ရခြင်းတို့ကြောင့် စီးပွားရေး၊ လူမှုရေး အခက်အခဲများစွာကို ဖြစ်ပေါ်လျက်ရှိနေပါသည်။ ထိုကြောင့် တစ်သျှူးကားချားနည်းပညာကို အသုံးပြုပြီးမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးနိုင်လျှင် အဆင်ပြေနိုင်ကြောင်း၊ အာလူးကို မျိုးထုတ်လုပ်ရာတွင်Tissue Culture နည်းပညာလိုအပ်သည်နှင့်အညီ သုတေသနများ မျိုးထုတ်လုပ်ခြင်းများကိုဆက်လက်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ပါသည်။

          နောင်တရားအာလူးအစုအဖွဲ့ခေါင်းဆောင် ဦးခွန်ဆန်းဦးမှလည်း အာလူးမျိုးများကို နိုင်ငံခြား မှ ဝယ်ယူရာတွင် နိုင်ငံခြားငွေကုန်ကျမှုများခြင်း၊ သယ်ယူပို့ဆောင်ရာတွင် အချိန်ကြန့်ကြာခြင်းများ ရှိခြင်းကြောင့် နိုင်ငံခြားကုန်ကျမှုများပြီး ဆုံးရှုံးမှုများရှိသဖြင့် အာလူးမျိုးထုတ်လုပ်ရာတွင် အခြေခံ အဆင့်ဖြစ်သော တစ်သျှူးကားချားနည်းပညာ၏ အရေးပါမှုကို သိရှိနားလည်လာပြီး တောင်သူ အစုအဖွဲ့ပိုင် Tissue Culture ဓါတ်ခွဲခန်း ကို တည်ထောင်ရန် ရည်ရွယ်ခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံတွင် အာလူးတစ်သျှုးကားချား မွေးမြူခြင်းနည်းပညာ ကို သင်ကြား သင်ယူခွင့်ပေးခဲ့သဖြင့် ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့ပါသည်။

          ဒေသသုတေသနဗဟိုဌာန(အောင်ပန်း) (RRC) မှ ဒေါက်တာဝင်းဝင်းနွယ်နှင့် ဒေါ်ဝင်းသန္တာတို့ မှတစ်သျှူးကားချားတွင်လိုအပ်သည်များ၊ ကြုံတွေ့ခဲ့ရသောအခက်အခဲများကိုပြောကြားခဲ့ပြီး ခြံတာဝန်ခံ ဒေါ်ခိုင်ခိုင်ဦးမှ ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျောညီထွေရှိပြီး ရောဂါဒဏ်၊ ပိုးပွားဒဏ်ခံနိုင်သော ဗီဇကောင်းသီးနှံအာလူးများရှိစေရန် တစ်သျှူးကားချားနည်းပညာ၊ Potato Meristem Culture နည်းပညာများဖြင့် ပွားများမွေးမြူခြင်း၊ Aeroponic နည်းပညာများဖြင့် Nucleus Seed ဖြစ်သော သားဆက် 0(G0) သာမက၊ အာလူးမျိုးကူးစပ်ခြင်း၊ Varietal Improvement ပြုလုပ်နိုင်ရန် မျိုးလိုင်းများထိန်းသိမ်းပြီး Hybridization ကိုလည်းရေရှည် အတွက် မျှော်မှန်းတည်ထောင်နိုင်ရန်ဆွေးနွေးခဲ့ပါသည်။ထို့နောက်အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ပါသည်။

 ထို့နောက်နိဂုံးချုပ်အမှာစကားကို တောင်ကြီးတက္ကသိုလ်ရုက္ခဗေဒဌာန မှပါမောက္ခ ဆရာမကြီး ဒေါက်တာ ခင်စန်းဝင်းနှင့် ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံတာဝန်ခံ ဒေါ်ခိုင်ခိုင်ဦးတို့မှ အသီးသီးပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး ကြွရောက်လာသော ဧည့်သည် တော်များ အား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။