ကွင်းသရုပ်ပြပွဲ ကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး နည်ပညာ ပူးပေါင်းဆောင်ရွက်ရေး (KOPIA) အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်၍ ပဲပုပ်၊ ပဲတီစိမ်းနှင့် ကုလားပဲ သီးနှံများ တွင် တောင်သူများ ပူးပေါင်းပါဝင်၍ ပဲမျိုးစုံမျိုးစေ့ ကျေးရွာ နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ပြုလုပ်ခြင်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
စီမံကိန်း အစီအစဉ်အရ လယ်ဝေး မြို့နယ် လက်ပံတန်းကျေးရွာတွင် တောင်သူ (၂၀ ဉီး) ပူးပေါင်းပါဝင်၍ ကုလားပဲ ရေဆင်း-၄၊ ရေဆင်း-၆ နှင့် ရေဆင်း-၁၂ (စုစုပေါင်း ၃၀ ဧက) နှင့် လယ်ဝေး မြို့နယ် အောင်ချမ်းသာကျေးရွာတွင် တောင်သူ (၇ ဉီး) ပူးပေါင်းပါဝင်၍ ပဲတီစိမ်း ရေဆင်း-၁၁၊ ရေဆင်း-၁၄ နှင့် ရေဆင်း-၁၅ (စုစုပေါင်း ၂၀ ဧက) ကို မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခဲ့ပါသည်။
အဆိုပါအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် အထွက်ကောင်း ပဲမျိုး များသရုပ်ပြ စိုက် ခင်း များတွင် ကွင်းသရုပ်ပြပွဲများအသီးသီးကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ (၂၅)ရက်တွင် ကုလားပဲ သီးနှံ ကွင်းသရုပ်ပြပွဲအား လယ်ဝေးမြို့နယ် လက်ပံတန်းကျေးရွာတွင် လည်း ကောင်း၊ ပဲတီစိမ်းသီးနှံ ကွင်းသရုပ်ပြပွဲအား လယ်ဝေး မြို့ နယ် အောင်ချမ်းသာ ကျေးရွာတွင် လည်း ကောင်း ကျင်းပခဲ့ပြီး အနီးအနားဝန်းကျင်ကျေးရွာများမှတောင်သူများ တက်ရောက် ခဲ့ကြပါသည်။ တက်ရောက်လာကြသည့်တောင်သူများမှ အထွက်ကောင်း ပဲမျိုးများ အား တောင်သူများမှ စိတ်ပါဝင်စားစွာ လေ့လာ၍ သိလိုသည်များအား မေးမြန်း ဆွေးနွေး ခဲ့ကြ ပါ ကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။