စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

နေပြည်တော်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်သော သီးနှံပုံစံ အတွဲများ စမ်းသပ်/စံပြ စိုက်ပျိုးထားခြင်း အား လာရောက် လေ့လာခြင်း

329150149_564783502233598_6759020485474593872_n (1)
327272060_581908533786565_1589859151405539323_n
329150149_564783502233598_6759020485474593872_n
329163160_555891646477341_998050969624046240_n
328675808_1559284631220868_6313314416588052611_n
329053084_1815423045501975_6967254328979267699_n
329146410_533566908796142_855010216350722926_n (1)
329142531_2105407672983639_8665571730220125139_n (1)
329150149_564783502233598_6759020485474593872_n (1) 327272060_581908533786565_1589859151405539323_n 329150149_564783502233598_6759020485474593872_n 329163160_555891646477341_998050969624046240_n 328675808_1559284631220868_6313314416588052611_n 329053084_1815423045501975_6967254328979267699_n 329146410_533566908796142_855010216350722926_n (1) 329142531_2105407672983639_8665571730220125139_n (1)

စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်သော သီးနှံပုံစံ အတွဲများ စမ်းသပ်/စံပြ စိုက်ပျိုးထားခြင်း အား နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ် များမှ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများ စုစုပေါင်း (၅၀) ဦးသည် ၂၀၂၃ခုနှစ်ဖေဖော်ဝါရီ (၅)ရက်က လေ့လာရေး လာရောက် ခဲ့ကြပါသည်။

ထိုသို့ လာရောက်လေ့ လာခဲ့ရာ စံပြစိုက်ကွင်း ၏ တာဝန်ရှိသူများ မှ စမ်းသပ် စိုက်ပျိုးထားရှိသည့် စပါး-နေကြာ-ပဲပုပ်၊ စပါးတစ်မိုးနှစ်သီး-သစ်စိမ်း-ပဲတီစိမ်း၊စပါး-အစေ့ ထုတ်ပြောင်း-ဟင်းသီးဟင်းရွက်၊ စပါး-မြေပဲ-ပဲတီစိမ်း၊ စပါးတစ်မိုးနှစ်သီး-ကြက်သွန်နီ၊ စပါး-မတ်ပဲ-နှမ်း၊ စပါးလမိုင်း- စပါးလမိုင်း-စပါး၊ စပါး-ဖူးစားပြောင်း-စပါး၊ စပါး-ကုလားပဲ-စပါး၊ ပဲပုပ်-ဆီမုန်ညင်း-ဝါစသည့် သီးနှံပုံစံ (၁၀)မျိုးစိုက်ပျိုးထားရှိမှု အခြေအနေများအားလည်းကောင်း၊ သီးနှံအတွဲများ၏ အကျိုးအမြတ် ရရှိနိုင်မှုအခြေအနေများအားလည်းကောင်း၊ လက်ရှိ ရာသီတွင် စိုက်ပျိုး ထားသည့် နေကြာ၊သစ်စိမ်း၊ အစေ့ထုတ်ပြောင်း ၊မြေပဲ၊ကြက်သွန်နီ၊ မတ်ပဲ၊ စပါးလမိုင်း၊ ဖူးစားပြောင်း၊ ကုလားပဲ၊ ဆီမုန်ညင်း သီးနှံများ သရုပ်ပြစိုက်ပျိုးထားရှိခြင်းအခြေအနေများအား ရှင်းလင်း ဆွေးနွေးပေးခဲ့ပါသည်။

ဆက်လက်၍ ရေသွင်းနည်းစနစ်များ နှင့် ကုန်ကျ စရိတ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပိုးမွှား၊ ရောဂါ ကာကွယ်နည်းများ နှင့်စပ်လျဉ်း၍လည်းကောင်း၊ လက်တွေ့ ဆောင်ရွက်နိုင်သော မြေအစို ဓာတ်ထိမ်း စနစ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ သီးနှံမျိုးများ ၊ စိုက်ချိန်၊ စိုက်နည်းစနစ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ စပါးသား တက်ဆင့်ပွားနည်းပညာနှင့် စပ်လျဉ်း၍လည်းကောင်း တက်ရောက်လာသူများမှ မေးမြန်း လာခြင်းများအပေါ် တာဝန်ခံများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးပေး ခဲ့ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြ အပ်ပါသည်။