စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဒေသသုတေသန ဗဟိုဌာန(လက်ပံတန်း)၌ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်း နှီးနှောဖလှယ်ဆွေးနွေးခြင်း

328937647_1509274606227316_3533067996242243119_n
328135463_766628400970575_4789903329455331848_n
328510860_521859756736739_3880191686878989486_n (1)
328973512_1920990531572634_7336583471390070841_n
329133741_890324512284388_6965190500590149902_n
328937647_1509274606227316_3533067996242243119_n 328135463_766628400970575_4789903329455331848_n 328510860_521859756736739_3880191686878989486_n (1) 328973512_1920990531572634_7336583471390070841_n 329133741_890324512284388_6965190500590149902_n

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့တွင် အာရှဒေသ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (AFACI) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသန ဗဟိုဌာန (လက်ပံတန်း)တို့ ပူးပေါင်းဆောင်ရွက် သော အခြေခံဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း နှီးနှောဖလှယ်ခြင်းနှင့် ဆွေးနွေးပွဲကို ယနေ့နံနက်က ဒေသသုတေသနဗဟိုဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်သိန်းညွှန့်က အမှာစကားပြောကြားပြီး ဒေသသုတေသနဗဟိုဌာန (လက်ပံတန်း) မှ တာဝန်ရှိသူတစ်ဦး က ဆွေးနွေးပွဲကျင်းပရခြင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်သိန်းညွန့်က စိုက်ပျိုးပင်များတွင် ကျရောက်တက်သော ဘတ်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်းများနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီဝင်းက သီးနှံပင်များ ဘက်စုံရောဂါကာကွယ်နှိမ်နင်းနည်းများကို ပို့ချဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ဒေသသုတေသနဗဟိုဌာန(လက်ပံတန်း)မှ ဝန်ထမ်းများနှင့် လက်ပံတန်း မြို့နယ်အုပ်ချုပ်ရေးမှူး, မြို့နယ်ပြန်ဆက် တာဝန်ခံ နှင့် ဝန်ထမ်းများ, စိုက်ပျိုးရေး ဝန်ထမ်းများ, တောင်သူ များ တက်ရောက်ကြပါသည်