အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအတွက် ရက်တိုးမြှင့်သတ်မှတ်ခြင်း
၁။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအတွက် အောက်ပါတည်ဆောက်ရေးလုပ်ငန်း (၂)မျိုး Lot (၂)ခု ကို မြန်မာကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်လိုပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၂၊ ၂၃၊ ၂၄) ရက်နေ့များတွင် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ခဲ့ပါသည်။
|
(က) |
ဓါတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း Room No.301 (701.5 sqft), 301B (170.5 sqft), 302(170.5 sqft), 303(701.5 sqft), 303B(345.0 sqft) & Corridor Ceiling Work |
1 Lot |
ဇေယျာသီရိ မြို့နယ် |
|
(ခ) |
(၁၀၀’ x ၄၇’ x ၂၄’) နှစ်ထပ် (ဓာတ်ခွဲခန်း) RC အဆောက်အဦးအသစ် တည်ဆောက်ခြင်း (၁၂၀’ x ၂၀’) ကွန်ကရစ်လမ်းအပါအဝင် |
1 Lot |
ဇေယျာသီရိ မြို့နယ် |
၂။ တင်ဒါပုံစံစတင်ရောင်းချမည့်ရက် – ၄ – ၅ – ၂၀၂၃ (ရုံးချိန်အတွင်း)
၃။ တင်ဒါပုံစံရောင်းချမည့်နေရာ – စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရုံးချုပ်)
စီမံခန့်ခွဲရေးနှင့်ပြင်ဆင်ထိန်းသိမ်းရေးဌာနစု
၄။ တင်ဒါလျှောက်လွှာအရောင်းပိတ်ရက် – ၁၂ – ၅ – ၂၀၂၃ ရက်နေ့ ညနေ (၁၆:၃၀)အချိန်
၅။ တင်ဒါလျှောက်လွှာတင်သွင်းရမည့်ရက် – ၁၅ – ၅ – ၂၀၂၃ ရက်နေ့ ညနေ (၁၆:၃၀)အချိန်
၆။ အထက်ပါအတိုင်း တင်ဒါခေါ်ယူခဲ့ရာတွင် တင်ဒါလျှောက်လွှာ ပြန်လည်တင်သွင်းရမည့်ရက် ၁၅.၅.၂၀၂၃ ရက်နေ့အစား ၂၂.၅.၂၀၂၃ ရက်နေ့ ညနေ (၁၆:၀၀)နာရီအချိန်ထိ ရက်တိုးမြှင့် သတ်မှတ်လိုက်သည်။
၇။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း-၀၆၇-၃၄၁၆၅၉၂ သို့ ရုံးချိန်အတွင်း
ဆက်သွယ်မေးမြန်နိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန