စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကျင်းပခြင်း

DSC00210
DSC00213
DSC00217
DSC00216
DSC00220
DSC00215
DSC00219
DSC00247
DSC00266
DSC00245
DSC00214
DSC00212
DSC00242
DSC00221
DSC00222
DSC00218
DSC00235
DSC00210 DSC00213 DSC00217 DSC00216 DSC00220 DSC00215 DSC00219 DSC00247 DSC00266 DSC00245 DSC00214 DSC00212 DSC00242 DSC00221 DSC00222 DSC00218 DSC00235

စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရေဆင်း)ရှိ နဝရတ်ခမ်းမတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ ဝန်ထမ်းများနှင့် အကြီးအကဲများတွေ့ဆုံပွဲကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ (၃) ရက်က ကျင်းပခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနားစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)ဒေါက်တာမင်းစံသိန်း၊ ဒုတိယညွှန်ကြားရေး မှူးချုပ်သီးနှံ ဒေါက်တာအောင်မိုးမျိုးတင့်၊ ညွှန်ကြားရေးမှူးများ၊ သီးနှံသုတေသန၊နည်းပညာသုတေသန၊ သုတေသနအထောက်အကူပြုဌာနများမှ အရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာ စိုက်ပျိုး ရေးသုတေသန ဦးစီးဌာန၏ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏ မျှော်မှန်းချက်များ၊ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဆောင်ရေးတွင် တက်တက်ကြွကြွဖြင့် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ တက်ကြွစွာဖြင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံး အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုပြုလုပ်သည့် ဝန်ထမ်းများတွေ့ဆုံပွဲတွင် မိမိတို့ သုတေသနလုပ်ငန်းများ အား စိတ်ပျော်ရွှင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရေ၊မီး နှင့် လုပ်ငန်းခွင်စသည့် တို့မှအစပြု၍နေထိုင်ရေးအပါအဝင် မိမိတို့၏ အခက်အခဲများကို ပြောကြားပေးစေလိုပါကြောင်း၊ မိမိတို့အနေဖြင့် မှတ်တမ်းတင်ထား၍ လိုအပ်ချက်များ၊ အခက်အခဲများ၏ အခြေအနေများကို ဦးစားပေး အစီအစဉ်များ အလိုက် ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ထမ်းတွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဌာနခွဲ(၉)ခုမှ ဝန်ထမ်းများက ၎င်းတို့၏ နေထိုင်သည့်အိမ်များနှင့်ပတ်သက်၍ ပြုပြင်ရန်လိုအပ်သည်များကိုလည်းကောင်း၊ ရေ၊ မီး လုပ်ငန်းခွင် စသည့် ကြုံတွေ့ရသည့် အခက်အခဲအချို့အားတင်ပြခဲ့ကြပါကြောင်းသတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။